မျက်မှောက် တရုတ်နှင့် ဂျပန် ဆက်ဆံမှုအခြေအနေအရ နှစ်ဖက်တိုင်ပင်ဆွေးနွေးပြီးနောက် ဂျပန် ကိုမေတိုပါတီ ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်ခရီးစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

2023-08-29 18:19:47
အရင်းအမြစ်:国际在线

ဂျပန် ကိုမေတိုပါတီက ပါတီခေါင်းဆောင် နာစူယို ယာမာကူချီ၏ သြဂုတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ မူလစီစဉ်ထားသော တရုတ်ပြည်ခရီးစဉ်ကို ရွှေ့ဆိုင်းမည်ဟု သြဂုတ်လ ၂၆ ရက်နေ့က ကြေညာခဲ့ပါသည်။ သြဂုတ်လ ၂၄ ရက်နေ့တွင် ဂျပန် အစိုးရက နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ စတင် စွန့်ပစ်ခဲ့ခြင်းသည် အထက်ပါ တရုတ်ပြည် ခရီးစဉ်ကို ရွှေ့ဆိုင်းသည့် အကြောင်းရင်း ဖြစ်နိုင်သည်ဟု ဂျပန်မီဒီယာက ဖော်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖြေကြားရာတွင် မျက်မှောက် တရုတ်နှင့် ဂျပန် ဆက်ဆံမှု အခြေအနေအရ နှစ်ဖက် တိုင်ပင်ဆွေးနွေးပြီး နောက် ဂျပန်ကိုမေတိုပါတီ ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်ခရီးစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုမေတိုပါတီသည် ကြာရှည်သည့်ကာလအတွင်း တရုတ်နှင့်ဂျပန် ချစ်ကြည်ရေးကို စွဲကိုင်ပြီး တရုတ်နိုင်ငံက ကိုမေတိုပါတီနှင့် ကူးလူးဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ်ခြင်းကို လွန်စွာ အလေးထားကာ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန် တိုးတက်လာအောင် တက်ကြွစွာ အတူကြိုးပမ်းလိုပါကြောင်း သြဂုတ်လ ၂၈ ရက်နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

မျက်မှောက် တရုတ်နှင့် ဂျပန် ဆက်ဆံမှုအခြေအနေအရ နှစ်ဖက်တိုင်ပင်ဆွေးနွေးပြီးနောက် ဂျပန် ကိုမေတိုပါတီ ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်ခရီးစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို