ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ နှောင့်ယှက်ခံရခြင်းနှင့် ပတ်သက်၍ ဂျပန်အား အရေးဆိုခဲ့ပြီ ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

2023-08-30 17:53:38
အရင်းအမြစ်:国际在线

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက လူအချို့ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံးကို အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်းအတွက် မိမိအနေဖြင့် အလွန် ဝမ်းနည်းပြီး စိုးရိမ်မကင်းဖြစ်မိကြောင်း ၊ ဖူကူရှီးမားနျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ထုတ်ခြင်းကိစ္စရပ်တွင် တရုတ် ပြည်သူများအား ခေါင်းအေးအေးထားရန် တရုတ်နိုင်ငံမှ ပန်ကြားလိုကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါသည်။

သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ဘက်သည် ပြည်သူများအား ယင်းကိစ္စကို ခေါင်းအေးအေး ထားပြီး ကိုင်တွယ်ဖြေရှင်းရန် မေတ္တာရပ်ခံမလားဟူသော သတင်းထောက်၏ မေးမြန်းချက် ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ ဂရုစိုက်မှုကို တုံ့ပြန်ခဲ့ပြီ ဖြစ်ပြီး တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ဖော်ပြသည့်အပြင် ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ နှောင့်ယှက်ခံရခြင်းနှင့် ပတ်သက်၍ ဂျပန် နိုင်ငံအား အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံလုပ်သင့်သည်မှာ မှားယွင်းချက်ကို ချက်ချင်းပြင်ပြီး နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ထုတ်ခြင်းကို ရပ်စဲရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ နှောင့်ယှက်ခံရခြင်းနှင့် ပတ်သက်၍ ဂျပန်အား အရေးဆိုခဲ့ပြီ ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို