ပင်လယ်ထဲသို့ နျူကလီးယားညစ်ညမ်းရေစွန့်ပစ်ခြင်းသည် နိုင်ငံတစ်ခုချင်းမှ ခွင့်ပြုချက်ရရှိခဲ့တာမဟုတ်ကြောင်း တရုတ် ဆို
ဩဂုတ်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။
ဂျပန်၏ နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းဆောင်ရွက်ချက်သည် အမေရိကန်စသောနိုင်ငံများ၏ အသိအမှတ်ပြုမှုရရှိပြီး ယင်းသည် တရုတ်နိုင်ငံအား နိုင်ငံတကာမိသားစုကြီး၏အသံကို နားထောင်စေကြောင်း ယခုတစ်လော ဂျပန်ဘက်က ပြောကြားခဲ့သည်ဟု သတင်းအရ သိရ၍ ပြောရေးဆိုခွင့်ရှိသူအနေနှင့် ယင်းအပေါ် မည်သို့ သုံးသပ်ချက်ရှိသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါသည်။
ဝမ်ဝင်ပင်က ဂျပန်နိုင်ငံ၏ နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်မှုကို ပွင့်လင်းစွာထောက်ခံသောနိုင်ငံ သိပ်မရှိကြောင်း၊ ဂျပန်ပြည်တွင်းရှိပြည်သူများ အပါအဝင် နိုင်ငံအများစုသည် နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်မှုအပေါ် ဝေဖန်ရေး နှင့် ဆန့်ကျင်ရေးသဘောထားရှိပြီး သက်ဆိုင်ရာကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်ကို ကျင့်သုံးပြီဖြစ်ကြောင်း၊ ယင်းသည် မငြင်းသာသော အမှန်တရားဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။