အမေရိကန်က “တရုတ်ပြည်နှင့် ချိတ်ဆက်မှု ဖြတ်တောက်ခြင်း မပြုရန်” မည်သို့ ဖော်ဆောင်မည်နည်း ဆိုသည်ကို ကမ္ဘာသည် စောင့်ကြည်နေ

2023-08-31 17:42:22
အရင်းအမြစ်:国际在线

အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Gina Raimondo၏ ၄ရက်ကြာ တရုတ်ပြည် ခရီးစဉ်သည် ဩဂုတ်လ ၃၀ရက်နေ့က ပြီးဆုံးခဲ့ပါသည်။ ယခုအကြိမ် ခရီးစဉ်နှင့် ပတ်သက်၍ အကဲဖြတ် သုံးသပ်ရာတွင် နိုင်ငံတကာ မီဒီယာများက တရုတ်နှင့် အမေရိကန်တို့သည် “ဆက်သွယ်ရေးနည်းလမ်းသစ်ကို တည်ဆောက်မည်ဟု” ကြေညာ ကြောင်း၊ ယင်းသည် အထင်အမြင်လွဲမှားမှုကို လျှော့ချရန် အတွက် အထောက်အကူ ပြုမည်ဟု ယူဆကြောင်း ဖော်ပြကြပါသည်။ Gina Raimondo က “တရုတ်ပြည်နှင့် ချိတ်ဆက်မှု ဖြတ်တောက်ရန် ရှာကြံမည် မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားသည့် အပြင်၊ အမေရိကန် လုပ်ငန်းကုမ္ပဏီများ တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ “ဆက်သွယ်ရေးနည်းလမ်းသစ်”သည် တရုတ်နှင့် အမေရိကန် အကြား ကူးလူးဆက်ဆံမှု တစ်ဆင့်တိုး ပြုလုပ်ရန် အတွက် အထောက်အကူ ပြုမည် ဖြစ်ကြောင်း၊ သို့သော် ယင်း ဆက်သွယ်ရေး နည်းလမ်းသစ်၏ အခန်းကဏ္ဍကို အမှန်တကယ် ဖော်ထုတ်နိုင် မဖော်ထုတ်နိုင် ဆိုသည်မှာ အမေရိကန်ဘက်မှ လက်တွေ့ဖော်ဆောင်မှု အပေါ်တွင် မူတည်ကြောင်း သက်ဆိုင်ရာ ပညာရှင်များက ယူဆကြပါသည်။

အခြေခံ အသိအမြင်နှင့် ပတ်သက်၍ အမေရိကန်ဘက်မှ မှန်ကန်သော မူဝါဒကို ချမှတ်ပြီး တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးရှိစေရေးနှင့် အတူ အောင်မြင်မှု ရရှိရေး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိသင့်ပါသည်။

လက်တွေ့ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ အမေရိကန်ဘက်မှ လောလောဆယ် လုပ်ဆောင်ရမည့် ကိစ္စမှာ စီးပွားကုန်သွယ်ရေး ပြဿနာ အပေါ် pan-politicalizationနှင့် pan-securitizationကို ရပ်စဲရန် ဖြစ်ပါသည်။

အမေရိကန်သည် ယခုအကြိမ် တည်ဆောက်မည့် “ဆက်သွယ်ရေးနည်းလမ်းသစ်”ကို စတိ အနက်အဓိပ္ပါယ် (symbolic significance) ပါရှိသော အရာ တစ်ခု အဖြစ် သဘောမထားသင့်ဘဲ ၄င်းနည်းလမ်းသစ်၏ အခန်းကဏ္ဍကို တကယ်ပင် အလေးထား သင့်ပါသည်။ တရုတ်-အမေရိကန် နှစ်ဖက်တို့ တည်ထောင်ထားသော လုပ်ငန်းအဖွဲ့ ဖြစ်စေ၊ တင်ပို့မှု ပိတ်ပင်ရေးဆိုင်ရာ သတင်း အချက်အလက် ဖလှယ်ရေး စနစ် ဖြစ်စေ၊ ဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုများကို ဖြေရှင်းပြီး မူဝါဒ ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် အမှန်တကယ်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ပါ သည်။

စီးပွားကုန်သွယ်ရေး ဆက်ဆံမှုသည် တရုတ်-အမေရိကန် ဆက်ဆံမှု အတွက် တည်ငြိမ်စေရေး အရာ ဖြစ်ပါသည်။ အမေရိကန်သည် “ဆက်သွယ်ရေးနည်းလမ်းသစ် တည်ဆောက်ရေး”ကို အစပြုပြီး ပြဿနာကို ဖြေရှင်းရန် စိတ်ရင်းစေတနာကို ပြသကာ တရုတ်ဘက်နှင့် အပြန်အလှန် ဦးတည်ချီတက်၍ နှစ်နိုင်ငံ ဆက်ဆံမှုကို တည်ငြိမ်ကောင်းမွန်လာစေရန် တွန်းအားပေးပြီး ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူရန် တိုးမြှင့် သင့်ပါသည်။

အမေရိကန်က “တရုတ်ပြည်နှင့် ချိတ်ဆက်မှု ဖြတ်တောက်ခြင်း မပြုရန်” မည်သို့ ဖော်ဆောင်မည်နည်း ဆိုသည်ကို ကမ္ဘာသည် စောင့်ကြည်နေ