တရုတ်နိုင်ငံက ဂျပန်၏ ရေထွက်ကုန်များ တင်သွင်းမှု ယာယီရပ်စဲရေးနှင့် ပတ်သက်ပြီး ဂျပန်က စာရွက်စာတမ်းကို WTO ထံသို့ တင်သွင်းခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား
စက်တင်ဘာလ ၅ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့သည်။
တရုတ်နိုင်ငံက ဂျပန်၏ ရေထွက်ကုန်များ တင်သွင်းမှု ယာယီရပ်စဲရေးနှင့် ပတ်သက်ပြီး ဂျပန်က စာရွက်စာတမ်းကို WTO ထံသို့ တင်သွင်းခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဂျပန်နိုင်ငံ၏ နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ပြီ ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ အတင်းအဓမ္မ စွန့်ပစ်ခြင်း လုပ်ရပ်သည် လူသားတို့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုချိန် ကတည်းက တစ်ခါမှ မရှိခဲ့သည့် အပြင် လူအများ အသိအမှတ်ပြု လက်ခံသော စံချိန်စံနှုန်းလည်း မရှိကြောင်း၊ ဂျပန်နိုင်ငံ၏ လုပ်ရပ်ကြောင့် ပင်လယ် ပတ်ဝန်းကျင်နှင့် အများ ပြည်သူ လုံခြုံရေး အပေါ် ဖြစ်နိုင်မည့် အန္တရာယ်များကို နိုင်ငံတကာမိသားစုကြီးက ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်နေပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြောင်း၊ တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ဆောင်ရွက်မှုများသည် လုံးဝ တရားနည်းလမ်း ကျပြီး လိုအပ်သည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။