“နိုင်ငံခြား ကင်းလွတ်ခွင့် ဥပဒေ” ထုတ်ပြန်ခြင်း ဆိုင်ရာ မေးခွန်းကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖြေကြား
စက်တင်ဘာလ ၅ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က “နိုင်ငံခြား ကင်းလွတ်ခွင့်” ထုတ်ပြန်ခြင်း ဆိုင်ရာ သတင်းထောက်၏ မေးခွန်းများကို ဖြေကြားခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က “နိုင်ငံခြား ကင်းလွတ်ခွင့် ဥပဒေ” အတည်ပြုခြင်းသည် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပုံမှန် ဥပဒေပြုရေး လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေသည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအတိုင်း နိုင်ငံခြား ကင်းလွတ်ခွင့် နှင့်ပတ်သက်ပြီး ပြဋ္ဌာန်းချက်များ ထုတ်ပြန် ကာ တရုတ်နိုင်ငံ၏ နိုင်ငံခြား ကင်းလွတ်ခွင့် စနစ်ကို ပြည့်စုံစေရန်၊ နိုင်ငံခြား တိုင်းပြည်များနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုဆိုင်ရာ တရားမအမှုများကို တရုတ် တရားရုံးများ စီရင်ဆုံးဖြတ်ဖို့ တရားဥပဒေအခြေခံကို ပံ့ပိုးပေးရန်၊ ကာယကံရှင်များ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အာမခံ ပေးရန်၊ နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု တန်းတူညီမျှဖြစ်ရေးကို ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတကာ ချစ်ကြည်ရေး ကူးလူးဆက်ဆံမှုကို မြှင့်တင်ပေးရန်၊ တရုတ်နိုင်ငံ၏ အရည်အသွေး ပိုမို မြင့်မားသော တံခါးဖွင့်ရေးကို အထောက်အကူ ပြုရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါ သည်။