တရုတ်မြေပုံတွင် Diaoyu ကျွန်းကို တရုတ်ပိုင်နက်နယ်မြေအဖြစ်အမှတ်အသားပြုခြင်းသည် တရားနည်းလမ်း ကျစွာပင် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

2023-09-07 17:59:12
အရင်းအမြစ်:国际在线

တရုတ်မြေပုံတွင် Diaoyu ကျွန်းကို အမှတ်အသားပြုခြင်းအပေါ် ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hirokazu Matsuno ၏ မသင့်လျော်သော စကားပြောကြားခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က Diaoyu ကျွန်းနှင့်အနီးကျွန်းများသည် တရုတ်နိုင်ငံ၏ ပိုက်နက်နယ်မြေဖြစ်ပြီး တရုတ်မြေပုံပေါ်တွင် Diaoyu ကျွန်းကို တရုတ်ပိုင်နက် နယ်မြေအဖြစ် အမှတ်အသား ပြုခြင်းသည် တရားနည်းလမ်း ကျစွာပင် ဖြစ်ကြောင်း၊ ယင်းအပေါ် ဂျပန်၏ ကန့်ကွက်မှု ဟူခြင်းကို တရုတ်နိုင်ငံက လက်မခံကြောင်း စက်တင်ဘာလ ၆ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

တရုတ်မြေပုံတွင် Diaoyu ကျွန်းကို တရုတ်ပိုင်နက်နယ်မြေအဖြစ်အမှတ်အသားပြုခြင်းသည် တရားနည်းလမ်း ကျစွာပင် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို