ကမ္ဘာအား ပိုမိုများပြားသော ပိုမိုကောင်းမွန်သည့် တရုတ်ဝန်ဆောင်မှုများ ထောက်ပံ့ပေးလိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

2023-09-07 18:01:50
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် စက်တင်ဘာလ ၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူး ကျင်းပခဲ့ပါသည်။ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေး ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံမှ နိုင်ငံခြားသို့ အဆင့်မြင့်တံခါးဖွင့်ရေး ပြတင်းပေါက်တစ်ခု ဖြစ်သကဲ့သို့ နိုင်ငံ အသီးသီးမှ လုပ်ငန်းများအကြား ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသော ပလက်ဖောင်းလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် ယခုနှစ် တရုတ် နိုင်ငံတကာဝန်ဆောင်မှုကုန်သွယ်ရေးကုန်စည်ပြပွဲ နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင် ဝန်ဆောင်မှုလုပ်ငန်းများ တံခါးဖွင့်ရေးဆိုင်ရာ အရေးကြီးဆောင်ရွက်ချက်များကို ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံမှ အဆင့်မြင့် တံခါးဖွင့်ရေးတိုးချဲ့ရန်၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေရန် သန္နိဌာန်နှင့် တာဝန်ယူတတ်မှုကို ဖော်ပြထားကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင် က တံခါးဖွင့်လျှင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ပိတ်ဆို့လျှင် ကမ္ဘာ့စီးပွားရေး ကျဆင်းသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဝန်ဆောင်မှုတံခါးဖွင့်ရေးဖြင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး လွတ်လပ်သောကုန်သွယ်ရေးနှင့် နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်များကို အတူတကွ ကာကွယ်ထိန်းသိမ်းကာ ကမ္ဘာအား ပိုမိုများပြားသော ပိုမိုကောင်းမွန်သည့် တရုတ်ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် ဘက်အသီးသီးနှင့်အတူ ကြိုးပမ်းဆောင်ရွက် လိုကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘာအား ပိုမိုများပြားသော ပိုမိုကောင်းမွန်သည့် တရုတ်ဝန်ဆောင်မှုများ ထောက်ပံ့ပေးလိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို