ဟောင်ကောင်ကို နှောင့်ယှက်ဖို့ကြံစည်မှုအောင်မြင်မည်မဟုတ်ဟု ဟောင်ကောင် ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မဟာမင်းကြီးရုံးက ဗြိတိန်ကို သတိပေး

2023-09-20 21:53:51
အရင်းအမြစ်:国际在线

စက်တင်ဘာလ ၁၉ ရက်နေ့က ဗြိတိန်အစိုးရ၏ ဟောင်ကောင်ဆိုင်ရာ နှစ်ဝက်အစီရင်ခံစာကို ထပ်မံထုတ်ပြန်ပြီး ဗဟိုအစိုးရ၏ ဟောင်ကောင်အပေါ် မူဝါဒနှင့် အုပ်ချုပ်မှုတို့ကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်းကို ရည်ရွယ်ပြီး ဟောင်ကောင်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူက ပြင်းထန်စွာ မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း၊ ဗြိတိန်ဘက်အား နိုင်ငံတကာဥပဒေများနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းများကို လိုက်နာပြီး ဟောင်ကောင်ရေးရာတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ချက်ခြင်းရပ်တန့်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ကို နှောင့်ယှက်ဖို့ကြံစည်မှုအောင်မြင်မည်မဟုတ်ဟု ဟောင်ကောင် ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မဟာမင်းကြီးရုံးက ဗြိတိန်ကို သတိပေး