ဟန်ကျိုး အာရှ အားကစား ပြိုင်ပွဲသည် အဘယ်ကြောင့် အာရှ ပြည်သူများ၏ ကြိုက်နှစ်သက်မှု ရရှိသနည်း

2023-09-27 17:28:50
အရင်းအမြစ်:国际在线

ယခုလ ၂၃ ရက်နေ့ ညက ၁၉ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲသည် တရုတ် နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် စတင် ကျင်းပခဲ့ပါသည်။ အာရှ အိုလံပစ် ကောင်စီ အဖွဲ့ဝင် ၄၅ဖွဲ့မှ အားကစား မောင်မယ် ၁သောင်း၂ထောင်ကျော်တို့သည် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ ယခု အကြိမ် အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲစဉ်ကြီး ၄၀ ထားရှိပါသည်။ ဟန်ကျိုး အာရှ အားကစား ပြိုင်ပွဲသည် အာရှ အားကစား ပြိုင်ပွဲ သမိုင်းကြောင်းတွင် အတိုင်းအတာ အကြီးမားဆုံး၊ ပွဲစဉ် အများဆုံးနှင့် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံနှင့် ဒေသ အများဆုံး ဖြစ်ပါသည်။ ယင်းသည် တရုတ်ပြည်၏ အားကောင်းကြီးမားသော ဆွဲဆောင်မှုနှင့် ဟန်ကျိုး အာရှ အားကစား ပြိုင်ပွဲ အပေါ် အာရှ ပြည်သူများ၏ အလှိုက်တလှဲ စောင့်မျှော်ခြင်းနှင့် ခိုင်မာပြတ်သားသော အားပေးထောက်ခံမှုကို ပြသနေပါသည်။

၂၃ ရက်နေ့က ကျင်းပခဲ့သော ၁၉ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကြိုဆိုခြင်း ကျွေးမွေးဧည့်ခံပွဲတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမှာစကား ပြောကြားရာ၌ မိမိတို့သည် အားကစားဖြင့် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဘက်ပေါင်းစုံ ပါဝင်မှုကို တိုးမြှင့်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသည် ယခု အကြိမ် ပြိုင်ပွဲ အပေါ် မျှော်လင့်ချက်ပင် ဖြစ်ပါသည်။ လက်ရှိတွင် ပြင်ပနိုင်ငံ အချို့မှ စစ်အေး အတွေးအခေါ်ကို အခြေခံ၍ အာရှတွင် ပဋိပက္ခများကို အရှိန်မြင့်စေပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို ဖျက်ဆီးရန် ဆောင်ရွက်နေပါသည်။ ယင်းကို ရင်ဆိုင်ရန် အတွက် အာရှ ပြည်သူများသည် အားကစား ဖြစ်သော လူသား တစ်ရပ်လုံး၏ ဘုံဘာသာစကားကို အသုံးပြုပြီး ငြိမ်းချမ်းရေး အသံများကို ဖော်ပြကာ အုပ်စုများ အကြား ရန်ဘက်ပြုမှုကို ဟန့်တား၍ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြပါသည်။ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲသည် အာရှပြည်သူများ၏ ယင်းလိုအင်ဆန္ဒကို သယ်ဆောင်ထားပါသည်။

အာရှသည် လူသားယဉ်ကျေးမှု၏ အဓိက မြစ်ဖျားခံရာဒေသ ဖြစ်ပါသည်။ အာရှ အားကစား ပြိုင်ပွဲသည် ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် အတုယူလေ့လာမှု တိုးမြှင့်ရေး ပလက်ဖောင်း တစ်ခု ဖြစ်ပါသည်။ နိုင်ငံခြား မီဒီယာများစွာက ယခုအကြိမ် အာရှ အားကစား ပြိုင်ပွဲသည် အမျိုးအစား စုံစုံလင်လင် ထားရှိခြင်း၊ တံခါးဖွင့်မှုနှင့် ဆန်းသစ်တီထွင်မှုအပေါ် လေးစားခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြထား ပါသည်။ အားကစားသည် နိုင်ငံ တစ်နိုင်ငံ၏ ကမ္ဘာကို ဖွင့်လှစ်ထားသော ပြတင်းပေါက် တစ်ခု ဖြစ်ပါသည်။ ကမ္ဘာသည် ဟန်ကျိုး အာရှ အားကစား ပြိုင်ပွဲ မှတစ်ဆင့် တံခါးဖွင့်မှု၊ စိတ်အားထက်သန်မှုနှင့် ခေတ်မီမှု ရှိသော တရုတ်နိုင်ငံကို တွေ့မြင်နိုင်ပါသည်။

အာရှပြည်သူများ၏ ခိုင်မာပြတ်သားသော အားပေးထောက်ခံမှုဖြင့် ဟန်ကျိုး အာရှ အားကစားပြိုင်ပွဲသည် အိုလံပစ် အားကစား ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးနှင့် အာရှပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်မှု တိုးမြင့်ရေး အတွက် အကျိုးပြုမှု အသစ်များကို စွမ်းဆောင်မည် ဖြစ်ပါသည်။

ဟန်ကျိုး အာရှ အားကစား ပြိုင်ပွဲသည် အဘယ်ကြောင့် အာရှ ပြည်သူများ၏ ကြိုက်နှစ်သက်မှု ရရှိသနည်း