ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါလက်စတိုင်း-အစ္စရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထပ်မံ၍ အတည်မပြုနိုင်ခဲ့ခြင်းအား တရုတ်နိုင်ငံက တုန်လှုပ်စိတ်ပျက်မိကြောင်း ပြောကြား

2023-10-19 18:57:59
အရင်းအမြစ်:国际在线

China News Service မှ သတင်းအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပါလက်စတိုင်း-အစ္စရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနောက်တစ်ခုအတွက် မဲခွဲဆုံးဖြတ်ခဲ့သည်။ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သော အမေရိကန်မှ ဗီတိုအာဏာသုံး၍ ပယ်ချခြင်းကြောင့် အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို အတည်မပြုနိုင်ခဲ့ပေ။ မဲခွဲဆုံးဖြတ်မှုပြီးနောက် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Zhang Jun က ဆုံးဖြတ်ချက်မူကြမ်းကို အတည်မပြုနိုင်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် တုန်လှုပ်စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါလက်စတိုင်း-အစ္စရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထပ်မံ၍ အတည်မပြုနိုင်ခဲ့ခြင်းအား တရုတ်နိုင်ငံက တုန်လှုပ်စိတ်ပျက်မိကြောင်း ပြောကြား