လာမည့် ဆယ်နှစ်တွင် “တရုတ်လုပ်ဆောင်မှု”သည် ကမ္ဘာ ခေတ်မီရေးကို ပံ့ပိုးပေး

2023-10-19 18:58:40
အရင်းအမြစ်:国际在线

ယခုလ ၁၈ ရက်နေ့က ကျင်းပခဲ့သော တတိယအကြိမ်မြောက် “Belt and Road”နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာ၌ Belt and Road အရည်အသွေးမြင့်မားစွာ ပူးတွဲ တည်ဆောက်ရေး ပံ့ပိုးမှု ဆိုင်ရာ လုပ်ဆောင်ချက် ၈ခုကို ကြေညာခဲ့ပါသည်။ ယင်းလုပ်ဆောင်ချက် ၈ခု မှတစ်ဆင့် လာမည့် ဆယ်နှစ် အတွင်း Belt and Road ပူးတွဲ တည်ဆောက်ရေး၏ ကောင်းမွန်သော အမျှော်အမြင်နှင့် အကောင်အထည် ဖော်ဆောင်ရန် နည်းလမ်းကို သိရှိနိုင်ပါသည်။ သက်ဆိုင်ရာ ပညာရှင်များက ယင်းလုပ်ဆောင်ချက် ၈ခုသည် ရှင်းလင်းပြတ်သားသော ရည်မှန်းချက်နှင့် လက်တွေ့ကျသော အသေးစိတ် ဆောင်ရွက်ချက် များ ရှိပြီး ခေတ်၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်နှင့် ကိုက်ညီကြောင်း၊ ယင်းသည် “Belt and Road” အရည်အသွေးမြင့်မားစွာ ပူးတွဲ တည်ဆောက်ရေး အတွက် ဦးတည်ချက်ကို ညွှန်ပြပေးပြီး ကမ္ဘာ ခေတ်မီရေး အတွက် တွန်းအားပေးမှုကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ ခေတ်မီရေးသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော ခေတ်မီရေး၊ အပြန်အလှန် အကျိုးရှိစေပြီး ပူးပေါင်းဆောင်ရွက်သော ခေတ်မီရေးနှင့် အတူတကွ စည်ပင်သာယာသော ခေတ်မီရေး ဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံမှ ကြေညာခဲ့သော ယင်း လုပ်ဆောင်ချက် ၈ခုတွင် Belt and Road သုံးဖက်မြင် အပြန်အလှန် ချိတ်ဆက်ရေး ကွန်ရက် တည်ဆောက်ရေး၊ တံခါးဖွင့်ထားသော ကမ္ဘာ့ စီးပွားရေး တည်ဆောက်ရန် ပံ့ပိုးခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု တွန်းအားပေးရေး စသည့် နယ်ပယ်များ ပါဝင်ပါသည်။ ယင်းလုပ်ဆောင်ချက်များသည် ကမ္ဘာ ခေတ်မီရေး အတွက် တွန်းအားပေးမှု အသစ်များကို သွင်းပေးမည် ဖြစ်ပါသည်။

ပထမ အချက်က တရုတ်နိုင်ငံမှ တင်ပြခဲ့သော ဆောင်ရွက်ချက်သစ်များသည် ဒီဂျစ်တယ် စီးပွားရေးနှင့် ရှေ့တန်း သိပ္ပံနည်းပညာကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။ ဒုတိယ အချက် ကတော့ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ခြင်း ဖြစ်ပါသည်။ ယခု အကြိမ် ထိပ်သီး ဖိုရမ်တွင် တရုတ်ဘက်က မြစိမ်းရောင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ မြစိမ်းရောင် စွမ်းအင်နှင့် မြစိမ်းရောင် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်တိုက် နက်ရှိုင်းစေရေး စသည့် ဆောင်ရွက်ချက် အသစ်များကို ကြေညာခဲ့ပါသည်။ ယင်းသည် Belt and Road အရည်အသွေးမြင့်မားစွာ ပူးတွဲ တည်ဆောက်ရေး အဆင့်ကာလသစ်တွင် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပိုမို အာရုံစိုက်မည်ကို ပြဆိုနေပါသည်။ တတိယ အချက်က မတူခြားနားသော ယဉ်ကျေးမှုများ အကြား ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် အတုယူ လေ့လာရေး တိုးမြှင့်ခြင်း ဖြစ်ပါသည်။ “ပိုးလမ်းမ ခရီးသွားမြို့များ မဟာမိတ်အဖွဲ့ တည်ထောင်ခြင်း”စသည့် အစီအမံများသည် Belt and Road အတူ တည်ဆောက်ကြသည့် နိုင်ငံများ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး တစ်ဆင့်တိုးမြင့်စေပြီး ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ တံခါးဖွင့်ရေး၊ ဘက်ပေါင်းစုံ ပါဝင်ရေး၊ အပြန်အလှန် အတုယူ လေ့လာရေး၊ အပြန်အလှန် အကျိုးရှိစေရေး ဖြစ်သည့် “ပိုးလမ်းမကြီး စိတ်ဓာတ်”များကို လူများ၏ စိတ်ထဲတွင် ပိုမို နက်ရှိုင်းစွာ အမြစ်တွယ်စေကာ လူသား ယဉ်ကျေးမှု တိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ပါသည်။

အပြန်အလှန် အကျိုးရှိစေပြီး ပူးပေါင်းဆောင်ရွက်မှသာ အရေးကြီးသည့် ကိစ္စရပ်များကို ပြီးမြောက်အောင် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါသည်။ လာမည့် ဆယ်နှစ်တာ ရွှေကာလတွင် Belt and Road အရည်အသွေးမြင့်မားစွာ ပူးတွဲ တည်ဆောက်ရေးသည် နိုင်ငံ အသီးသီးတို့ ခေတ်မီရေး အတူတကွ အကောင်အထည် ဖော်ဆောင်ရေး အတွက် အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းလာပြီး အေးအတူ ပူအမျှ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အတူတကွ တွန်းအားပေးမည် ဖြစ်ပါသည်။

လာမည့် ဆယ်နှစ်တွင် “တရုတ်လုပ်ဆောင်မှု”သည် ကမ္ဘာ ခေတ်မီရေးကို ပံ့ပိုးပေး