တရုတ်-ဂျပန်နှစ်နိုင်ငံသည် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း ၄၅ နှစ်မြောက်ကို အခွင့်ကောင်းအဖြစ်ထားပြီး ခေတ်သစ်လိုအပ်ချက်များနှင့်ကိုက်ညီသော တရုတ်-ဂျပန် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးစားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

2023-10-24 19:16:06
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ သတင်းထောက်တစ်ဦးက ယနေ့သည် တရုတ်နှင့်ဂျပန် ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သော ၄၅ နှစ်မြောက် ဖြစ်သည်။ ၎င်းနှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက်က မည်သည့်သုံးသပ်ချက်ရှိသနည်းဟု မေးခဲ့သည်။

မော်နင်က ယနေ့သည် တရုတ်နှင့်ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသဘောတူစာချုပ် ချုပ်ဆို ခဲ့သော ၄၅ နှစ်မြောက် ဖြစ်သည်၊၊ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့် နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa တို့နှင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန် ပေးပို့ပြီး တရုတ်-ဂျပန် ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာအရေးကြီးသည့် အချက်များကို ပြသခဲ့သည်ဟု ပြောကြားခဲ့သည်။