တရုတ်တောင်ပင်လယ်တွင် ဖြစ်ပွားခဲ့သည့် ရန်စခြင်းဖြစ်ရပ်၏ နောက်ကွယ်ရှိ အမေရိကန်၏ ပူးပေါင်း ကြံစည်မှု

2023-10-25 18:55:23
အရင်းအမြစ်:国际在线

မကြာခင်က တရုတ်တောင်ပင်လယ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အရပ်ဘက်သုံး ရေယာဉ် ၂ စင်းနဲ့ ပင်လယ် စောင့်ကြပ်ရေးသင်္ဘော ၂ စင်းတို့ဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက် မရဘဲ တရုတ် နန်စားကျွန်းစု Ren'ai သန္တာကျောက်တန်းအနီးရှိ ပင်လယ်ဒေသသို့ ဝင်ရောက်ခဲ့ပြီး အန္တရာယ်မကင်းသော နည်းလမ်းနဲ့ တရုတ် ပင်လယ် စောင့်ကြပ်ရေး သင်္ဘောနဲ့ ငါးဖမ်း ရေယာဉ်များကို တိုက်ခဲ့တယ်။ အဲဒီနောက်မှာ ဖိလစ်ပိုင်က ပြောင်းပြန်ပြီး တရုတ်နိုင်ငံက “တမင် ရန်စ တယ်”လို့ ပြောခဲ့တယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ချက်ချင်း ကြေညာချက် ထုတ်ပြန်ပြီး တရုတ်ပြည်ဘက်ရဲ့ တရားမျှတသော အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးနဲ့ ဥပဒေ ကျင့်သုံးရေး လုပ်ဆောင်ချက်တွေကို ပြစ်တင်ခဲ့ပြီး “အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲ ကာကွယ်ရေး သဘောတူ စာချုပ်”ကို ထုတ်ယူကာ ဖိလစ်ပိုင်ဘက်ရဲ့ ရန်စမှုအတွက် အားပေး ထောက်ခံ ခဲ့တယ်။

Ren'ai သန္တာကျောက်တန်းဟာ တရုတ်နိုင်ငံ နန်စားကျွန်းစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး တရုတ် ပိုင်နက်နယ်မြေ ဖြစ်ကာ အဲဒါဟာ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ် အပါအဝင် နိုင်ငံတကာ ဥပဒေနဲ့ ကိုက်ညီပါတယ်။

ကျွမ်းကျင်ပညာရှင်များက ဖိလစ်ပိုင်ရဲ့ ရန်စမှု ဖြစ်ရပ်တွေ နောက်ကွယ်မှာ အမေရိကန်ရဲ့ ကြံစည်မှုနဲ့ ခွဲမရကြောင်း၊ ယခု အမေရိကန်ဟာ တရုတ်နိုင်ငံအား ပိတ်ဆို့ ဟန့်တားရေးဆိုင်ရာ “အင်ဒို ပစိဖိတ် မဟာဗျူဟာ”ကို တွန်းအား ပေးနေပြီး အရှေ့တောင်အာရှဟာ ၎င်းရဲ့ဗျူဟာထဲမှာ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ အချိန်ပိုင်း အတွင်း အမေရိကန် အဆင့်မြင့်အရာရှိ အမြောက်အမြားက အရှေ့တောင်အာရှ နိုင်ငံများကို ဆက်တိုက် ခရီးလှည့်လည်ခဲ့ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာနိုင်ငံများကို တရုတ်နဲ့ အမေရိကန် ကြားမှာ ရွေးချယ် ရပ်တည်စေရန်၊ တောင်ပင်လယ် ဆိုင်ရာ အငြင်းပွားမှုတွေကို အသုံးချပြီး အဲဒီနိုင်ငံများနဲ့ တရုတ်နိုင်ငံ အကြား ဆက်ဆံမှုကို ဖျက်ဆီး၍ ဒီလိုနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ဖျက်ဆီးရန် ဖြစ်ကြောင်း၊ အမေရိကန်က ဖိလစ်ပိုင်ကို တောင်ပင်လယ်ရေးရာမှာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ရန်စမှု ပြုတဲ့ ရှေ့ပြေးသူ ဖြစ်အောင် လုပ်စေချင်တဲ့ ရည်ရွယ်ချက် လွန်စွာ ထင်ရှားပါကြောင်း၊ သူတစ်ပါးအတွက် “လက်ပါးစေ” လုပ်တာဟာ ပိုးဖလံမျိုး မီးကိုတိုးသည့်ပမာ အန္တရာယ်ကြီးတဲ့ လုပ်ရပ် ဖြစ်တယ် ဆိုတာကို ဖိလစ်ပိုင်က မှန်ကန်စွာ အကဲဖြတ်သင့်ကြောင်း သုံးသပ်ဖော်ပြကြပါတယ်။

တရုတ်တောင်ပင်လယ်တွင် ဖြစ်ပွားခဲ့သည့် ရန်စခြင်းဖြစ်ရပ်၏ နောက်ကွယ်ရှိ အမေရိကန်၏ ပူးပေါင်း ကြံစည်မှု