ကယ်လီဖိုးနီးယားပြည်နယ်မှူး၏ တရုတ်ပြည်ခရီးစဉ်သည် အမေရိကန် နိုင်ငံရေးသမားတို့အား သတိပေးချက် တစ်ရပ် ပေးလိုက်သည်

2023-10-27 18:30:09
အရင်းအမြစ်:国际在线

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှူး Newson က ယခုလောလောဆယ် တရုတ်နိုင်ငံမှာ ခရီးလှည့်လည်နေပါတယ်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီလ ၂၅ ရက်နေ့မှာ Newson နဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ် ဇွန်လကစပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အမေရိကန် Gates Foundation ဥက္ကဋ္ဌ Bill Gates၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Kissinger တို့နဲ့ တွေ့ဆုံခဲ့တဲ့အပြင် အမေရိကန်မှ ချစ်ကြည်ရေးပုဂ္ဂိုလ်များထံသို့လည်းအကြောင်းပြန်စာများဆက်တိုက် ပေးပို့ကာတရုတ်နဲ့ အမေရိကန် ကဏ္ဍပေါင်းစုံမှ ကူးလူးဖလှယ်ရေးနဲ့ ဒေသခံပူးပေါင်းဆောင်ရွက်ရေးကို ကိုယ်တိုင် တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။ ရှီကျင့်ဖိန်က တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးရဲ့ အခြေခံက အရပ်ဘက်မှာ ရှိပြီး မျှော်လင့်ချက်က ပြည်သူများမှာ ရှိ၍ အနာဂတ်ဟာ လူငယ်များမှာ ရှိတယ်လို့ နေရာများစွာမှာ ပြောခဲ့ဖူးတယ်။ ဒီအကြိမ် Newson နဲ့ တွေ့ဆုံရာမှာ “ရှင်သန်မှုက ဒေသခံမှာရှိတယ်”လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Newson ဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးအပေါ် ဆင်ခြင်ပြီး လက်တွေ့ကျတဲ့ သိမြင်နားလည်မှု ရှိပါတယ်။ China Media Groupမှ သတင်းထောက်နဲ့ တွေ့ဆုံရာမှာ Newson က “ချိတ်ဆက်မှုဖြတ်တောက်ခြင်း”ဟာ တရုတ်နဲ့ အမေရိကန်အတွက် ရွေးချယ်စရာ တစ်ခု မဟုတ်ကြောင်း ထောက်ပြခဲ့တယ်။ သတင်းစာရှင်းလင်းပွဲမှာ သူက အမေရိကန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှုဟာ “zero sum” ယှဉ်ပြိုင်မှု မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ အောင်မြင်လေလေ ကျွန်တော်တို့အားလုံး အောင်မြင်နိုင်လေလေ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် စီးပွားရေး စုစုပေါင်းပမာဏဟာ တစ်ကမ္ဘာလုံး စုစုပေါင်းပမာဏရဲ့ သုံးပုံတစ်ပုံကျော် ရှိပြီး နှစ်ဖက်အကြား ကုန်သွယ်မှုပမာဏဟာ တစ်ကမ္ဘာလုံး စုစုပေါင်းပမာဏရဲ့ ငါးပုံတစ်ပုံလောက် ရှိပါတယ်။ အဲဒီရလဒ်တွေကို တန်ဖိုးထားသင့်ပါတယ်။ Newson ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ အမေရိကန်အား သတိပေးချက် တစ်ခုကို ပေးလိုက်ပြီး သူ့ရဲ့ တရုတ်ပြည်အပေါ် ဆင်ခြင် လက်တွေ့ကျတဲ့ သဘောထားကို အမေရိကန် နိုင်ငံရေးသမားတို့ သင်ယူလေ့လာစဉ်းစားသင့်တယ်လို့ China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖော်ပြ ထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှူး၏ တရုတ်ပြည်ခရီးစဉ်သည် အမေရိကန် နိုင်ငံရေးသမားတို့အား သတိပေးချက် တစ်ရပ် ပေးလိုက်သည်