“ဘုံလုံခြုံရေး”ကို မည်သို့ ဖော်ဆောင်မည်နည်းနှင့် ပတ်သက်၍ ရှန်းရှမ်း ဖိုရမ်မှ ရရှိသည့် အကြံပြုချက်များ

2023-11-01 17:11:23
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁ရက်နေ့က ၁၀ကြိမ်မြောက် ရှန်းရှမ်း ဖိုရမ်ကို တရုတ် နိုင်ငံ ဘေကျင်းမြို့တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ဖိုရမ် ကျင်းပစဉ် အတောအတွင်း နိုင်ငံနှင့် ဒေသ ၁၀၀ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများစွာမှ ကိုယ်စားလှယ် ၁၈၀၀ကျော် တက်ရောက် ပြီး “ဘုံလုံခြုံရေး၊ ရေရှည် ငြိမ်းချမ်းရေး”ဟူသော ဆောင်ပုဒ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြပါသည်။

လက်ရှိတွင် တရုတ်ပြည်မှ ဖော်ပြထားသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် သည် ကမ္ဘာ့ လုံခြုံမှု စီမံခန့်ခွဲရေး အတွက် အရေးကြီး ဖြေရှင်းရေး နည်းလမ်း ဖြစ်လာပြီ ဖြစ်ပြီး နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၀၀ကျော်မှ တက်ကြွစွာ တုံ့ပြန်မှုများ ရရှိခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို လက်တွေ့ဖော်ဆောင်သည့် အရေးကြီး ပလက်ဖောင်းနှင့် ယန္တရား ဖြစ်သည့် အနေဖြင့် ရှန်းရှမ်း ဖိုရမ်က ဘက်အသီးသီးတို့ လုံခြုံမှု ဖော်ဆောင်ရေး နည်းလမ်း ရှာကြံရန်နှင့် လုံခြုံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် အတွက် အခွင့်အလမ်းကို ဖန်တီးပေးပါသည်။

“ဘုံလုံခြုံရေး”ကို မည်သို့ ဖော်ဆောင်မည်နည်းနှင့် ပတ်သက်၍ ရှန်းရှမ်း ဖိုရမ်မှ အကြံပြုချက်များ ရရှိခဲ့ပါသည်။ ပထမ အချက်က နိုင်ငံကြီးများ အနေနှင့် နိုင်ငံတကာ တည်ငြိမ်ရေးနှင့် လုံခြံရေး ထိန်းသိမ်းကာကွယ်မှုတွင် အထူး အရေးကြီးသည့် တာဝန်များ ထမ်းဆောင်သင့်ပါသည်။ ဒုတိယ အချက် ကတော့ ရှန်းရှမ်း ဖိုရမ်သည် ပိုမိုများပြားသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများအား ပြောဆိုပိုင်ခွင့် ပေးခြင်း ဆိုသည့် အစဉ်အလာကောင်း တစ်ခု ရှိသည်။ ထို့ကြောင့် အနောက်နိုင်ငံကြီး တစ်ခုတလေအား လုံခြံရေးနှင့် ပတ်သက်၍ အခြား နိုင်ငံများ၏ အမြင်သဘောများကို သိရှိစေနိုင်ပါသည်။ ယင်းသည် ကမ္ဘာ့ နိုင်ငံ အသီးသီးတို့ အနေနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအောင်မြင်မှု ရရှိရေး လားရာသို့ ကြိုးပမ်းဆောင်ရွက်ရန် အတွက် အလွန် အရေးကြီးပါသည်။ တတိယ အချက်က “ဘုံလုံခြုံရေး”ကို ဖော်ဆောင်ရေး အတွက် တိုင်ပင်ဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းရေး နည်းလမ်းဖြင့် နိုင်ငံများ အကြား သဘောကွဲလွဲမှုများနှင့် အငြင်းပွားမှုများ ဖြေရှင်းရေးမူကို စွဲကိုင်ခြင်းသည် အလွန် အရေးကြီး ပါသည်။ ဖိုရမ်သို့ တက်ရောက်သူများက “ပိုမိုများပြားသည့် သံတမန်ရေး၊ ပိုမိုများပြားသည့် စေ့စပ်ဆွေးနွေးခြင်းနှင့် ပိုမိုများပြားသည့် ကူးလူးဖလှယ်ရေး”ကို အလေးထား ပြောကြားခဲ့ ပါသည်။ စတုတ္ထ အချက် ကတော့ လုံခြုံရေး၏ အနှစ်သာရ အဆက်မပြတ် တိုးပွားလာသည်နှင့် အမျှ ဆိုက်ဘာ လုံခြုံရေး၊ ဇီဝ လုံခြုံရေးစသည့် တစ်ကမ္ဘာလုံး ဆိုင်ရာ သမားရိုးကျ မဟုတ်သော လုံခြုံရေး ပြဿနာများသည် တစ်နေ့တခြား များပြားလာသော အာရုံစူးစိုက်မှုများကို ရရှိလာပါသည်။ “ဘုံလုံခြုံရေး”ကို ဖော်ဆောင်ရေး အတွက် သမားရိုးကျ နယ်ပယ်များနှင့် သမားရိုးကျ မဟုတ်သော နယ်ပယ်များမှ လုံခြုံရေးများကို ဘက်ပေါင်းစုံမှနေ စီမံခန့်ခွဲပြီး ထိန်းသိမ်းကာကွယ်ရန် လိုအပ်ပါသည်။

ယခုနှစ်သည် တရုတ် နိုင်ငံမှ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ကြံဆချက်ကို ဖော်ပြခဲ့သည့် ၁၀နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ လက်ရှိတွင် ယူကရိန်း အကျပ်အတည်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခစသည်များ အပေါ် တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြပါသည်။ ရှုပ်ထွေးပြီး တင်းမာခက်ခဲသော နိုင်ငံတကာ အခြေအနေမျိုးတွင် လူအများက လုံခြုံရေးသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုတင်လိုအပ်ချက် ဖြစ်ပြီး လူသားတို့သည် ခွဲမရသော လုံခြုံရေး အသိုက်အဝန်း ဖြစ်သည်ဟု တစ်နေ့တခြား သိမြင်လာ ပါသည်။ “ဘုံလုံခြုံရေး” ဖော်ဆောင်ရေး အတွက် ယခုအကြိမ် ရှန်းရှမ်း ဖိုရမ်မှ အသံများကို ကမ္ဘာ့ နိုင်ငံ အသီးသီးတို့ စဉ်းစားသင့်ပါသည်။

“ဘုံလုံခြုံရေး”ကို မည်သို့ ဖော်ဆောင်မည်နည်းနှင့် ပတ်သက်၍ ရှန်းရှမ်း ဖိုရမ်မှ ရရှိသည့် အကြံပြုချက်များ