"၁၉၉၂ခုနှစ် သဘောတူညီချက်"ကို စွဲကိုင်ပြီး "ထိုင်ဝမ်သီးခြားတည်ရှိရေး" ဆန့်ကျင်ခြင်းသည် ကောင်းမွန်သော အနာဂတ်ဆီသို့ ပေါက်ရောက်သော လမ်းမှန်ပင် ဖြစ်သည်ဟု တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

2023-11-29 17:37:20
အရင်းအမြစ်:国际在线

ယခုလ ၂၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးသည် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ Lai Qingde ၏ "ထိုင်ဝမ်သီးခြားတည်ရှိရေး" အပြောအဆို ဆိုင်ရာ သတင်းထောက်၏ မေးမြန်းချက်ကို တရုတ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ Chen Binhua က ပြန်လည်ဖြေကြားရာ၌ Lai Qingde ၏ အပြောအဆိုသည် ၄င်း၏"ထိုင်ဝမ်သီးခြားတည်ရှိရေး"မူလ အရောင်ဖြစ်ကြောင်း၊ "၁၉၉၂ခုနှစ် သဘောတူညီချက်" ကို စွဲကိုင်ပြီး" ထိုင်ဝမ်သီးခြားတည်ရှိရေး"ကို ဆန့်ကျင်ပါက ရေလက်ကြား နှစ်ဖက်ကမ်းဆက်ဆံမှုသည် ငြိမ်းချမ်းစွာ တိုးတက်ရေးလမ်းကြောင်းမှန်သို့ ပြန်လည် ရောက်ရှိနိုင်ပြီး ထိုင်ဝမ်မွေးချင်းပေါက်ဖော်များသည် ငြိမ်းချမ်း ပျော်ရွင်စွာ နေထိုင်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသည်သာ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ပေါက်ရောက် သော လမ်းမှန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

"၁၉၉၂ခုနှစ် သဘောတူညီချက်"ကို စွဲကိုင်ပြီး "ထိုင်ဝမ်သီးခြားတည်ရှိရေး" ဆန့်ကျင်ခြင်းသည် ကောင်းမွန်သော အနာဂတ်ဆီသို့ ပေါက်ရောက်သော လမ်းမှန်ပင် ဖြစ်သည်ဟု တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို