ကော်ဖီစိုက်ပျိုးရေးကျေးရွာဖြစ်သော စီမောက်ဇုန် နန်းတောင်းဟော်ကျေးရွာ၏ မြင်ကွင်းအသစ်

2023-01-12 11:31:56
အရင်းအမြစ်:云南日报

နန်ဖိန်မြို့နယ် နန်းတောင်းဟော်ကျေးရွာသည် ယူနန်ပြည်နယ် ဖူအော်မြို့ရှိ ကော်ဖီ အစောဆုံးစိုက်ပျိုးရေးဒေသနှင့် စိုက်ပျိုးရေးအကျယ်အဝန်း အများဆုံးသော ဒေသတစ်ခု ဖြစ်သည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ဆွတ်ခူးရာသီရောက်လာသည်နှင့်အမျှ အဝယ်တော်များသည် နေ့စဥ်နေ့တိုင်း လတ်ဆတ်သော ကော်ဖီစေ့များ လာရောက်ဝယ်ယူကြပါသည်။

ဤနေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၉၀၀ မှ ၁၅၀၀ အကြားတွင် တည်ရှိသည်။ ချိုင့်ဝှမ်းများ၊ တောင်စောင်းများ၊ နေရောင်ခြည်နှင့်မိုးရေ ပေါများပြီး နေ့နှင့်ည အပူချိန်ကွာခြားမှုကြောင့် ဖြစ်ပေါ်လာသော မြူများသည် ဤဒေသထွက် ကော်ဖီ၏ အရသာကို ပိုမို မွှေးကြိုင်စေပါသည်။ လက်ရှိတွင် အဆိုပါကျေးရွာ၏ ကော်ဖီစိုက်ပျိုးရေးဧရိယာမှာ ဟက်တာ ၂၄၀၀ ရှိပြီး ဒေသခံပြည်သူပြည်သားများ၏ ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကော်ဖီလုပ်ငန်းမှ ရရှိခြင်းဖြစ်ပါသည်။


ယခုနှစ်ပိုင်းတွင် ဖူအော်မြို့သည် ကော်ဖီစိုက်ပျိုးရေးအခြေစိုက်စခန်းများကို မြှင့်တင်လုပ်ဆောင်ခြင်း၊ ကော်ဖီစိုက်ပျိုးရေးနည်းပညာကို ကောင်းမွန်အောင် အဆင့်မြှင့်တင်ခြင်း၊ ကော်ဖီ၏ အရည်အသွေးကို တိုးမြှင့်ခြင်းနှင့် ကော်ဖီထုတ်လုပ်မှုလုပ်ငန်းကွင်းဆက် တည်ဆောက်ရေးကို စံချိန်စံညွှန်းနှင့်အညီ လုပ်ဆောင်ခြင်း စသည်တို့ကို အဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ဖူအော်မြို့သည် လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း၏ ပေါင်းစည်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ စူးစမ်းလေ့လာပြီး ကော်ဖီခရီးသွားလုပ်ငန်းစီမံကိန်းများအား စီမံတည်ဆောက်ရန် တစိုက်မတ်မတ် တွန်အားပေးလျက်ရှိပါသည်။ နန်းတောင်းဟော်ကျေးရွာသည် သာယာလှပခြင်းနှင့် စိမ်းလန်းစိုပြည်ခြင်းကို ဖော်ဆောင်ပြီး ကျေးလက်လူနေမှုပတ်ဝန်းကျင်ကို မြှင့်တင်ခဲ့ပါသည်။ ပိုမိုများပြားလာသော ခရီးသွားဧည့်သည်တော်များနှင့် ကော်ဖီဝါသနာရှင်များအား လာရောက်လည်ပတ် လေ့လာရန် ဆွဲဆောင်ခဲ့ပါသည်။ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူပြည်သားများ၏ ဝင်ငွေ တိုးများလာစေရန်နှင့် ချမ်းသာကြွယ်ဝလာစေရန် တွန်းအားပေးခဲ့ပါသည်။
(ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

ကော်ဖီစိုက်ပျိုးရေးကျေးရွာဖြစ်သော စီမောက်ဇုန် နန်းတောင်းဟော်ကျေးရွာ၏ မြင်ကွင်းအသစ်