ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၇ နှစ်မြောက် အထိမ်းအမှတ်ပွဲတော် ကျင်းပ

2023-01-30 17:59:51
အရင်းအမြစ်:新华社

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၁၁၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး အဆိုပါပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ စျေးပွဲတော်များနှင့် တိရစ္ဆာန်လိမ္မာလေးများ၏ သရုပ်ပြတင်ဆက်မှုများ ပါဝင်ပြသထားကြောင်းသိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ဥယျာဉ်များအနက် တစ်ခုဖြစ်သည်။ (Xinhua)

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၇ နှစ်မြောက် အထိမ်းအမှတ်ပွဲတော် ကျင်းပ