တရုတ်-မြန်မာ နယ်စပ်ဒေသတွင် လီဆူးတိုင်းရင်းသား ခိုးရှီး(Kuoshi)ပွဲတော်ကို အတူဆင်နွှဲ

2023-02-01 11:21:20
အရင်းအမြစ်:陇川县融媒体中心

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင်၏ ၂၀၂၃ ခုနှစ် လီဆူးတိုင်းရင်းသား ခိုးရှီး(Kuoshi)ပွဲတော်ကို ဟူဆားကျေးရွာအုပ်စုအဖွဲ့ ဖိန်ရှန်းလီဆူးတိုင်းရင်းသား ယဉ်ကျေးမှုဥယျာဥ်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ ဆန်းတင့်ဝေဆာလှသော လှုပ်ရှားမှုများသည် ပြည်တွင်းပြည်ပ ခရီးသွားအများအပြားကို ပါဝင်ဆင်နွှဲရန် ဆွဲဆောင်ခဲ့ပါသည်။

လီဆူးတိုင်းရင်းသားလူမျိုးများသည် ပွဲလမ်းသဘင်ဝတ်စုံများ ဝတ်ဆင်ကာ ပွဲတော်ကို ဆင်နွှဲရန် အတူတကွ ကပြခဲ့ကြသည်။ ခိုးရှီး(Kuoshi)သည် လီဆူးတိုင်းရင်းသားဘာသာစကား ဖြစ်ပြီး နှစ်သစ်ဟု အဓိပ္ပာယ်ဆောင်သည်။ ခိုးရှီး(Kuoshi)ပွဲတော်သည် လီဆူးတိုင်းရင်းသားလူမျိုးများ၏ အခမ်းနားဆုံးနှင့် အကြီးမားဆုံးသော ရိုးရာပွဲတော်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - လုံချွမ်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် လီဆူးတိုင်းရင်းသား ခိုးရှီး(Kuoshi)ပွဲတော်ကို အတူဆင်နွှဲ