ပေကျင်း ဆောင်းရာသီအိုလံပစ်က တရုတ်နိုင်ငံ ဆောင်းရာသီအားကစားပွဲများကို မြှင့်တင်ပေး

2023-02-06 16:12:04
အရင်းအမြစ်:新华社

ပေကျင်း ဆောင်းရာသီအိုလံပစ်က မြှင့်တင်ပေးခြင်းဖြင့် ရေခဲ-နှင်း အားကစားလှုပ်ရှားမှုများမှာ တရုတ်ပြည်သူများအကြား ရေပန်းစားကျော်ကြားလာခဲ့သည်။ နွေဦးပွဲတော် အားလပ်ရက်များအတွင်း ဆောင်းရာသီအားကစားပွဲများနှင့် အစီအစဉ်များက တရုတ်နိုင်ငံတစ်ခွင် နှစ်သက်ဖွယ်ရွေးချယ်မှုများ ဖြစ်လာခဲ့သည်။ “လူတွေကြားမှာ ဆောင်းရာသီ အားကစားကို နှစ်သက်မှုများလာတယ်လို့ ခံစားရတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲ အပြီးမှာပေါ့” ဟု တရုတ်နိုင်ငံ မြောက်ဘက်စွန်း ဟေးလုံကျန်းပြည်နယ်ရှိ Aoqiwan Ski အပန်းဖြေစခန်း၏ အချိန်ပိုင်း စကိတ်စီးနည်းပြ Zhang Zida က ပြောခဲ့သည်။ (Xinhua)

ပေကျင်း ဆောင်းရာသီအိုလံပစ်က တရုတ်နိုင်ငံ ဆောင်းရာသီအားကစားပွဲများကို မြှင့်တင်ပေး