လက်ဖက်မြင်း ရှေးဟောင်းပို့ဆောင်ရေးလမ်းမ(Tea Horse Road)ပြတိုက်၏ ရှေးယခင်နှင့် ပစ္စုပ္ပန်ကာလ

2023-02-21 18:05:48
အရင်းအမြစ်:《普洱杂志》

တာ့ရှယ်ချန်းသည် ယူနန်ပြည်နယ် ဖူအော်မြို့ လန်ချန်း လာဟူးတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် တည်ရှိပြီး လန်ချန်းမြစ်နံဘေးကပ်လျက်တွင် ရှိပါသည်။ ဤနေရာသည် လက်ဖက်မြင်း ရှေးဟောင်းပို့ဆောင်ရေးလမ်းမတွင် မြင်းပို့ဆောင်ရေးအဖွဲ့များ နာခိုရာနေရာ ဖြစ်ခဲ့ဖူးသည်။ ထွန်းကားသည့် သမိုင်း ပိုင်ဆိုင်ထားသကဲ့သို့ ယဥ်ကျေးမှု၏ အနှစ်သာရလည်း ရှိပါသည်။

တာ့ရှယ်ချန်း၌ လက်ဖက်မြင်း ရှေးဟောင်းပို့ဆောင်ရေးလမ်းမပြတိုက်တစ်ခု တည်ဆောက်ထားပါသည်။ ၎င်းပြတိုက်တွင် လက်ဖက်မြင်း ရှေးဟောင်းပို့ဆောင်ရေးလမ်းမယဥ်ကျေးမှုဆိုင်ရာပြပွဲကို ခင်းကျင်းပြသပါသည်။ ၎င်း၏ အလှဆင်မှုပုံစံသည် မြင်းပို့ဆောင်ရေးအဖွဲ့များ၏ ထူးခြားချက်များ ပါရှိသည်။ အဆိုပါပြတိုက်တွင် ၁၉၇၀ ပြည့်လွန်နှစ်နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ကုန်ပစ္စည်းရောင်းဝယ်ရေးသမဝါယမအသင်း၏ ကွန်တိန်နာဟောင်းများ၊ မဂ္ဂဇင်းဟောင်းများ၊ မှတ်တမ်းဟောင်းများ၊ နှစ်သစ်ကူးပုံများ၊ အိမ်ထောင်ရေးသက်သေခံလက်မှတ်များနှင့် အခြားသော ရှေးဟောင်းပစ္စည်းများကို ပြသထားသည်။ ပြပွဲခန်းမ၏ ဧရိယာသည် စတုရန်းမီတာ ၇၀၀ ရှိပြီး ပြသသည့်ပစ္စည်းပေါင်း ၄၀၀ ကျော် ရှိသည်။(ဆောင်းပါးအရင်းအမြစ် - “ဖူအော်မဂ္ဂဇင်း”။ ဘာသာပြန် - Yunnan gateway)

လက်ဖက်မြင်း ရှေးဟောင်းပို့ဆောင်ရေးလမ်းမ(Tea Horse Road)ပြတိုက်၏ ရှေးယခင်နှင့် ပစ္စုပ္ပန်ကာလ