ကျင်းမင်းဆက်ခေတ်ရောင်စုံကြွေထည် ၄၀၀ ကျော်ဟန်တန်းမြို့၌ ပြသ

2023-02-28 20:07:20
အရင်းအမြစ်:国际在线

ကျင်းမင်းဆက်ခေတ်ကရောင်စုံကြွေထည်များ ပြပွဲကိုဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ဟိုပေပြည်နယ် ဟန်တန်းမြို့ဖုန်းဖုန်းပြတိုက်တွင် ကျင်းပခဲ့ပါသည်။ ယင်းပြပွဲတွင် ရှေးဟောင်းဖုန်ချင် ကြွေထည်အုတ်ဖိုအပျက်အစီးအောက်မှ တူးဖေါ်ရရှိခဲ့သည့် ကျင်းမင်းဆက်ခေတ်က ရောင်စုံကြွေထည် ၂၀၀ ကျော်နှင့် အရပ်ဘက်မှ စုဆောင်းသိမ်းဆည်းထားသည့် ကြွေထည် ၂၀၀ ကျော်ကို ပြသထားပါသည်။ ယခုအကြိမ် ပြပွဲမှတစ်ဆင့် ကျင်းမင်းဆက်ခေတ်က ရောင်စုံကြွေထည်လက်ရာ အလှဆင်အနုပညာနှင့် ယင်းခေတ်တုန်းက မြောက်ပိုင်း ပြည်သူလူထုများ၏ နေထိုင်မှုပုံစံကို သရုပ်ဖေါ်ပြရန်၊ ကြွေထည်အနုပညာဆက်ခံရေး၊ ဆန်းသစ်တီထွင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း China Media Group မှ သတင်းအရသိရပါသည်။

ကျင်းမင်းဆက်ခေတ်ရောင်စုံကြွေထည် ၄၀၀ ကျော်ဟန်တန်းမြို့၌ ပြသ