"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ။ ။ Kopi Luwak ကော်ဖီ ထုတ်လုပ်သည့် ကြောင်ဝံပိုက်သည် ညတွင် kapok ပန်းများ စားသုံးသည်

2023-03-10 13:42:03
အရင်းအမြစ်:人民日报客户端云南频道

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်းခရိုင်၌ တရုတ်နိုင်ငံ၏ အမျိုးသား ဒုတိယအဆင့် အဓိကကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည့် ကြောင်ဝံပိုက်တစ်ကောင်သည် kapok ပင်၌ kapok ပန်းများ စားသုံးခဲ့ပါသည်။ ၎င်းသည် မကြာသေးမီနှစ်များအတွင်း ရင်ကျန်းခရိုင်တွင် ကြောင်ဝံပိုက်သည် kapok ပန်းများ စားသုံးနေစဉ် ရိုက်ကူးခဲ့သည့် ရှားပါးသော ဓာတ်ပုံ တစ်ပုံဖြစ်သည်။

Kapok ပန်း၏ အပွင့်အစေ့များတွင် အာဟာရဓာတ်များစွာ ပါဝင်သောကြောင့် ကြောင်ဝံပိုက်သည် ၎င်းအပွင့်အစေ့များကို အဓိကစားလေ့ရှိကြောင်း တွေ့ရှိရသည်။ ကြောင်ဝံပိုက်သည် ဟိုင်နန်၊ ယူနန်၊ ကွမ်ရှီးနှင့် တရုတ်နိုင်ငံရှိ အခြားသော နေရာများတွင် အဓိက ကျက်စားနေထိုင်ပြီး ကော်ဖီစေ့အစိမ်းများကို နှစ်သက်စွာ စားကြပါသည်။ ကြောင်ဝံပိုက်တို့စားသည့် ကော်ဖီစေ့အစိမ်းများသည် ၎င်း၏ အူလမ်းကြောင်းတွင် ဖြတ်သန်းသွားပြီး အစာချေစနစ်အတိုင်း အချဥ်ဖောက်ကာ ကော်ဖီစေ့အစိမ်းနှင့်ရောထွေးနေသည့် မစင် စွန့်ပြီးနောက် ကော်ဖီကုန်ကြမ်းကို ပြန်စုစောင်းရပါသည်။ (ဆောင်းပါးအရင်းအမြစ် - People's Daily app။ ဘာသာပြန် - Yunnan gateway)

"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ။ ။ Kopi Luwak ကော်ဖီ ထုတ်လုပ်သည့် ကြောင်ဝံပိုက်သည် ညတွင် kapok ပန်းများ စားသုံးသည်