မေဒေးရုံးပိတ်ရက်ကာလတွင် "ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ဟုဆိုသည့် ယူနန်ပြည်နယ်သို့ သင်္ကြန်ပွဲတော် လာရောက်ဆင်နွှဲကြစို့

2023-03-15 18:29:51
အရင်းအမြစ်:云南日报

ယခုနှစ် မေဒေးရုံးပိတ်ရက်ကာလတွင် ၂၀၂၃ ခုနှစ် ရင်ကျန်း တိုင်၊ တအောင်တိုင်းရင်းသား သင်္ကြန်ပွဲတော်ကို ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်းခရိုင်၌ ကျင်းပမည် ဖြစ်ပါသည်။ ရင်ကျန်းခရိုင်သည် "ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ဆိုသည့်အတိုင်း ဘဝကို လာရောက်ခံစားနိုင်ရန် ဒေသအသီးသီးမှ ခရီးသွားများကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေပါသည်။

သင်္ကြန်ပွဲတော်သည် တိုင်၊ တအောင်တိုင်းရင်းသားလူမျိုးတို့ အခမ်းနားဆုံး ရိုးရာပွဲတော်ဖြစ်သည်။ ပွဲတော်ကျင်းပသည့် ကာလအတွင်း လူတိုင်းသည် သန့်စင်သော ရေကို အချင်းချင်း ပက်ဖြန်းကာ မကောင်းမှု၊ ကံဆိုးခြင်းနှင့် အပြစ်များကို ဖယ်ရှားပေးကြပါသည်။ ပြီးခဲ့သောနှစ်၏ အခက်အခဲများကို ဆေးကြောပြီး လှပသန့်ရှင်းသော နှစ်သစ်ကို စတင်ကြိုဆိုခြင်းဟု အဓိပ္ပာယ် ရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

မေဒေးရုံးပိတ်ရက်ကာလတွင် "ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ဟုဆိုသည့် ယူနန်ပြည်နယ်သို့ သင်္ကြန်ပွဲတော် လာရောက်ဆင်နွှဲကြစို့