"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ။ ။ တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင်တွင် ထောင်ပေါင်းများစွာသော လူများသည် မနောအကပျော်ပွဲရွှင်ပွဲကို အတူတကွ ပါဝင်ဆင်နွှဲ

2023-03-15 18:32:21
အရင်းအမြစ်:陇川县融媒体中心

မတ်လ ၁၁ ရက်နေ့တွင် “သာယာလှပသော လုံချွမ်း” ၁၃ ကြိမ်မြောက် မနောအကပျော်ပွဲရွှင်ပွဲအား တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကျန်းဖုန်းတိုင်းရင်းသားယဥ်ကျေးမှုရင်ပြင်၌ ကျင်းပခဲ့ပါသည်။ ထောင်ပေါင်းများစွာသော ဂျိမ်းဖော တိုင်းရင်းသားလူမျိုးနှင့် ခရီးသွားဧည့်သည်များသည် ပွဲလမ်းသဘင်ဝတ်စုံကို ဝတ်ဆင်ကာ ကျယ်လောင်သည့် ဗုံသံများနှင့်အညီ စည်းချက်အလိုက် အတူတူ ကပြဖျော်ဖြေကြသည်။

လုံချွမ်းခရိုင်သည် တရုတ်နိုင်ငံတွင် ဂျိမ်းဖော တိုင်းရင်းသားလူမျိုး အများဆုံး ဖြန့်ကျက်နေထိုင်သော ခရိုင်တစ်ခုဖြစ်ပြီး "တရုတ်နိုင်ငံ မနောအကပျော်ပွဲရွှင်ပွဲ၏ မွေးရပ်မြေ"လည်း ဖြစ်သည်။ မနောအကပျော်ပွဲရွှင်ပွဲသည် ဂျိမ်းဖော တိုင်းရင်းသားလူမျိုးတို့၏ အခမ်းနားဆုံးသော ရိုးရာပွဲတော်ဖြစ်ပြီး ဂျိမ်းဖော တိုင်းရင်းသားလူမျိုးတို့၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် အနုပညာများကို စုစည်းပြသထားသည့် ပွဲတော်နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - လုံချွမ်ခရီုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

"ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုရှိတယ်" ။ ။ တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင်တွင် ထောင်ပေါင်းများစွာသော လူများသည် မနောအကပျော်ပွဲရွှင်ပွဲကို အတူတကွ ပါဝင်ဆင်နွှဲ