တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင်သည် အာချမ်းတိုင်းရင်းသား အာလူဝေါ်လော(Alu Woluo) ပွဲတော်ကို ဂုဏ်ပြုခဲ့ကြ

2023-03-21 19:05:18
အရင်းအမြစ်:陇川县融媒体中心

မတ်လ ၁၈ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ရှိ တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လုံချွမ်းခရိုင်သည် ၂၀၂၃ ခုနှစ် အာချမ်းတိုင်းရင်းသား အာလူဝေါ်လော(Alu Woluo) ပွဲတော်ကို ကျင်းပခဲ့ပါသည်။ အာချမ်းတိုင်းရင်းသားလူမျိုးများသည် ပွဲလမ်းသဘင်ဝတ်စုံကို ဝတ်ဆင်ကာ အဝေးမှ ဧည့်သည်များအား ဝေါ်လော(Woluo)အကဖြင့် ကပြဖျော်ဖြေကြပြီး ပွဲတော်၏ ပျော်ရွှင်မှုကို အတူတကွ မျှဝေခံစားကြသည်။

အာလူ‌ဝေါ်လော(Alu Woluo) ပွဲတော်သည် အာချမ်းတိုင်းရင်းသားလူမျိုးတို့၏ အခမ်းနားဆုံး ရိုးရာပွဲတော်ဖြစ်သည်။ အဓိကအားဖြင့် အာချမ်းတိုင်းရင်းသားလူမျိုးတို့၏ ဒဏ္ဍာရီများတွင် ပထမဆုံးဘိုးဘေး "ကျဲ့ဖမ(Zhepama)" နှင့် "(ကျဲ့မီးမ)Zhemima" တို့၏ ကြီးမားသောအောင်မြင်မှုများ၊ ချမ်းမြေ့သာယာသော နေထိုင်မှုဘဝနှင့် ကောက်ရိတ်သိမ်းချိန်များကို ဂုဏ်ပြုသည့်အနေနဲ့ ကျင်းပသော ပွဲတော်တစ်ခုဖြစ်ပေသည်။ (ဆောင်းပါးအရင်းအမြစ် - လုံချွမ်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင်သည် အာချမ်းတိုင်းရင်းသား အာလူဝေါ်လော(Alu Woluo) ပွဲတော်ကို ဂုဏ်ပြုခဲ့ကြ