၂၀၂၃ ခုနှစ် ကျားယဥ်ကျေးမှုပွဲတော်ကို တရုတ်နိုင်ငံ ချူရွှမ်ပြည်နယ်ခွဲ ဆွမ်ပိုင်းခရိုင်၌ ကျင်းပခဲ့

2023-03-21 19:08:34
အရင်းအမြစ်:云南日报

မတ်လ ၁၇ ရက်နေ့တွင် “ချူရွှမ်နှင့် တွေ့ဆုံ၊ ၂၀၂၃ ခုနှစ် ကျားယဥ်ကျေးမှုပွဲတော်”သည် ယူနန်ပြည်နယ် ချူရွှမ် ယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဆွမ်ပိုင်းခရိုင်၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပကြောင်း သိရပါသည်။

ယခုအကြိမ် ကျားယဥ်ကျေးမှုပွဲတော်သည် ဖွင့်ပွဲအခမ်းအနား အနုပညာဖျော်ဖြေပွဲ၊ မီးပုံပွဲ၊ ရိုးရာတေးဆိုပြိုင်ပွဲ၊ ဂျင်ရိုးရာအားကစားလှုပ်ရှားမှုဖိတ်ခေါ်ပြိုင်ပွဲနှင့် အထူးအစားအစာပြပွဲများအပါအဝင် လှုပ်ရှားမှု ၁၈ ခုဖြင့် ၃ ရက်ဆက်တိုက် ကျင်းပခြင်းဖြစ်သည်။ အဆိုပါပွဲတော်တွင် ဆွမ်ပိုင်းခရိုင်၏ အစဥ်အလာ ရိုးရာဓလေ့များကို အပြည့်အဝ ပြသထားပါသည်။

ဆွမ်ပိုင်းခရိုင်သည် “တရုတ်နိုင်ငံ ယီတိုင်းရင်းသားလူမျိုးတို့၏ ကျားယဉ်ကျေးမှု မွေးရပ်မြေ”ဟု ကျော်ကြားသော ခရိုင်ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၆၅၀၀ ကျော်က ကျားကိုးကွယ်သည့် ဓလေ့ကို ထိန်းသိမ်းပြီး ယီတိုင်းရင်းသားလူမျိုးတို့၏ ထူးခြားသော ကျားယဉ်ကျေးမှုကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၀၇ ခုနှစ်ကတည်းက ဆွမ်ပိုင်းခရိုင်သည် နှစ်စဉ်နှစ်တိုင်း ကြီးကျယ်ခမ်းနားသော ကျားယဉ်ကျေးမှုပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

၂၀၂၃ ခုနှစ် ကျားယဥ်ကျေးမှုပွဲတော်ကို တရုတ်နိုင်ငံ ချူရွှမ်ပြည်နယ်ခွဲ ဆွမ်ပိုင်းခရိုင်၌ ကျင်းပခဲ့