Special Yunnan Lifestyle | ယူနန်ပြည်နယ် မန်စီမြို့၌ Phayre's langur မျောက်မွေးကင်းစများ ချစ်စရာကောင်းလှသည်

2023-03-28 18:10:04
အရင်းအမြစ်:新华社

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့၏ ထူထပ်သော သစ်တောထဲတွင် အရောင်ပြောင်းနေသည့် "ချစ်စရာကောင်းသော မျက်လုံးကြီးမျောက်" ဖြစ်သည့် Phayre's langur မျောက်များ ကျက်စားနေထိုင်ကြပါသည်။ မျောက်မွေးကင်းစများသည် မွေးစတွင် မျောက်မွေးအရောင်မှာ ရွှေရောင် ဖြစ်ပြီး ၃ လသားအရွယ်တွင် ငွေရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ယခုရက်ပိုင်းတွင် သဘာဝဂေဟဗေဒ ဓာတ်ပုံဆရာတစ်ဦးသည် သစ်တောထဲတွင် Phayre's langur မျောက်မွေးကင်းစများ၏ အဖိုးတန်ဓာတ်ပုံများကို ရိုက်ကူးခဲ့သည်။ အဆိုပါ "ရွှေမျောက်ငယ်"သည် ငွေမှင်ရောင်မျောက် မိဘနှစ်ပါး၏ ရင်ခွင်၌ ဖက်တွယ်ထားသည်။ ၎င်းဓာတ်ပုံများသည် အလွန်ချစ်စရာကောင်းလှပါသည်။

Phayre's langur မျောက်သည် တရုတ်နိုင်ငံ၏ ပထမအဆင့် အမျိုးသားကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်သည်။ ၎င်းတို့သည် ယဥ်ကျေးပြီး ချစ်စရာကောင်းပါသည်။ ကောက်ပဲသီးနှံများကို ပျက်စီးစေသော "မှတ်တမ်းများ" မရှိသလောက်ပင် ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle | ယူနန်ပြည်နယ် မန်စီမြို့၌ Phayre's langur မျောက်မွေးကင်းစများ ချစ်စရာကောင်းလှသည်