တရုတ်နိုင်ငံ ကျန်းနန်ရှိ ဝမ်ချွမ်ပွဲတော်က ယင်းဒေသရှိ နွေဦးရာသီ ရိုးရာ ဓလေ့ကို ပြသလျက်ရှိ

2023-04-19 18:08:39
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ ကျန်းနန်၏ ရိုးရာဓလေ့ အခမ်းအနား တစ်ခုဖြစ်သည့် ဝမ်ချွမ်ပွဲတော်ကို ကျဲ့ကျန်းပြည်နယ် ကျားရှင်းမြို့၊ ရှို့ကျိုးခရိုင်၊ ဝမ်ကျားကျင်းမြို့နယ်၊ လျန်စစ်တန့်ရှုခင်းသာနေရာတွင် ဧပြီ ၁၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါ ရိုးရာပွဲတော်အခမ်းအနားကို ကျန်းဆူးပြည်နယ်၊ ကျဲ့ကျန်းပြည်နယ်၊ ရှန်ဟိုင်းမြို့ စသည့် နေရာများမှ တံငါသည်များက လှေများဖြင့် ဘုရားပွဲကို လာရောက် ဆင်နွှဲခဲ့ကြသည်။

ဝမ်ချွမ်ပွဲတော်ကို ချင်းမင်းဆက် ခေတ်နှောင်းပိုင်းနှင့်တရုတ်သမ္မတနိုင်ငံ(ROC)ခေတ် ခေတ်ဆန်းပိုင်းတွင် စတင်ခဲ့ခြင်း ဖြစ်ရာ ကျန်းဆူး၊ ကျဲ့ကျန်း၊ ရှန်ဟိုင်းစသည့် နေရာများမှ လာသော တံငါသည်များ စုစည်း ကျင်းပကြသော ဒေသရိုးရာကန်တော့ပွဲ ဖြစ်သည်။ နှစ်ပေါင်း ၁၀၀ ကျော်ကာလတွင် ကျန်းနန်၏ ဝမ်ချွမ်ပွဲတော်က တံငါသည်၊ လှေထိုးသားများ၏ ပွဲတော်ကြီး ဖြစ်လာခဲ့ရာ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမည်စာရင်းတွင် ထည့်သွင်းခဲ့သည်။

ဝမ်ချွမ်ပွဲတော်တွင် နေရာအသီးသီးမှ လာရောက်ကြသော တံငါသည်များနှင့်လှေထိုးသားများက ပေါင်ကျွမ်သီချင်း သီဆိုခြင်း၊ ရှန်ကောသီချင်း သီဆိုခြင်း၊ နဂါးအက၊ လျန်ရှန်းအက၊ ထျောင်းဟွားလန်၊ တန့်ဟူချွမ် ရိုးရာဖျော်ဖြေမှုများ၊ ကုလားမခြေထောက်အက၊တာတောက်ချီ၊ ချင်းရင်းပန်း၊ ခါးဆွဲဗုံ စသည့် ရှေးမူမပျက် အရပ်ဘက်ရိုးရာအနုပညာများကို ရက်သတ္တပတ် တစ်ပတ်ကြာခန့် ဖျော်ဖြေတင်ဆက်ကြရာ အလွန်စည်ကားသိုက်မြိုက်သော ပွဲတော်တစ်ခု ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းနန်ရှိ ဝမ်ချွမ်ပွဲတော်က ယင်းဒေသရှိ နွေဦးရာသီ ရိုးရာ ဓလေ့ကို ပြသလျက်ရှိ