Special Yunnan Lifestyle| တရုတ်-မြန်မာ နယ်စပ်ရှိ လင်ချန်းမြို့က သင်္ကြန်ပွဲတော်ကို လာရောက် ဆင်နွှဲပါ

2023-04-21 13:46:56
အရင်းအမြစ်:“今日临沧”微信公众号

ဧပြီလ ၁၄ ရက်နေ့တွင် လင်ချန်းမြို့ ပွဲတော်နေ့ထူးနေ့မြတ်စတင်ခြင်း အခမ်းအနားနှင့် တိုင်(ရှမ်း) တိုင်းရင်းသား ပြက္ခဒိန် ၁၃၈၅ ခုနှစ် နှစ်သစ်ကူး သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တရုတ်-မြန်မာ နယ်စပ်ရှိ လင်ချန်းမြို့တွင် ကျင်းပရာ ယခုအကြိမ် သင်္ကြန်ပွဲတော်ကို မေလဆန်းအထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

ဆင်အကအဖွဲ့၊ သမင်အကအဖွဲ့၊ နဂါးအကအဖွဲ့နှင့် ရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့က ရှမ်းအိုးစည် တီးခတ်ကာ ကယန်းအက ဖျော်ဖြေတင်ဆက်ကြပြီး ဆန်းတင့်ဝေဆာလှသော ရိုးရာယဥ်ကျေးမှုအနုပညာဖျော်ဖြေပွဲကို ဆောင်ကြဥ်းပေးခဲ့ပါသည်။ အချင်းချင်း ရေပက်ရာတွင်လည်း ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများသည် လင်ချန်းမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှု၏ တမူထူးခြားသော ဆွဲဆောင်မှုကို ခံစားကြရပါသည်။

တိုင်(ရှမ်း) တိုင်းရင်းသားလူမျိုးစုသည် လင်ချန်းမြို့တွင် နေထိုင်သောတိုင်းရင်းသားလူမျိုးစု ၂၃ ခုထဲမှ တစ်ခုဖြစ်ပြီး အဓိကအားဖြင့် လင်ချန်းမြို့ ကိန့်မတိုင်(ရှမ်း)နှင့် ဝ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်နှင့် ရွှမ်ကျန်း လာဟူး၊ ဝ၊ ပူလန်နှင့် တိုင်(ရှမ်း) တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တို့တွင် နေထိုင်ကြသည်။ (ဆောင်းပါးအရင်းအမြစ် - “ယနေ့ လင်ချန်း”WeChat အကောင့်။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle| တရုတ်-မြန်မာ နယ်စပ်ရှိ လင်ချန်းမြို့က သင်္ကြန်ပွဲတော်ကို လာရောက် ဆင်နွှဲပါ