Special Yunnan Lifestyle| ကျင်မိုင်တောင်မှ အမျိုးသမီး ရှန်ဂုဏ်၏ လက်ဖက်လုပ်ငန်း ထူထောင်ရေး အကြောင်း
ရှန်ဂုဏ်၏ အိမ်သည် ယူနန်ပြည်နယ် ဖူအော်မြို့ လန်ချန်း လားဟူးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ကျင်မိုင်တောင်တွင် တည်ရှိပါသည်။ ဤနေရာတွင် ရှေးဟောင်း လက်ဖက်ခြံ၏ ဧရိယာမှာ တရုတ်မူ ၂၈၀၀၀ (တစ်တရုတ်မူသည် ၆၆၆.၆၇ စတုရန်းမီတာနှင့် ညီမျှသည်)ရှိပြီး ရှေးဟောင်းလက်ဖက်သစ်ပင် ၃.၂ သန်းကျော်ရှိပါသည်။
၂၀၀၂ ခုနှစ်တွင် ဘွဲ့ရသော ရှန်ဂုဏ်သည် စီးပွားရေးလုပ်ငန်းထူထောင်လုပ်ကိုင်ရန် မွေးရပ်မြေသို့ ပြန်လာခဲ့သည်။ သူမ၏ မိသားစုနှင့် သူငယ်ချင်းများ၏ အကူအညီဖြင့် ရန်းမွမ်လက်ဖက်စက်ရုံကို တည်ထောင်ခဲ့သည်။ "လက်ဖက်လုပ်ငန်းကို ပြန်လည်ဖြစ်ထွန်းဖို့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဖန်တီးရပါမယ်။" ၂၀၁၀ ပြည့်နှစ်တွင် ရှန်ဂုဏ်သည် လက်ဖက်စိုက်တောင်သူများ သမဝါယမအသင်းကို တည်ထောင်ရန် ဦးဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် သူမသည် ကျင်မိုင်တည်းခိုခန်းကို ဖွင့်လှစ်ခဲ့ပြီး ကျင်မိုင်တောင်၌ လက်ဖက်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်မှုတွင် အစောဆုံး လုပ်ကိုင်သော ဒေသခံများထဲမှ တစ်ဦးဖြစ်သည်။ သမဝါယမများ၊ လက်ဖက်စက်ရုံများ၊ တည်းခိုခန်းများနှင့် လက်တွေ့လေ့လာမှုစတိုးဆိုင်များ ပေါင်းစပ်ထားသည့် "လက်ဖက်ခရီးစဥ်" နေထိုင်မှုပုံစံသည် ခရီးသွားများအား ဆွဲဆောင်လျက်ရှိပါသည်။
၂၀၂၂ ခုနှစ်တွင် အဆိုပါသမဝါယမအသင်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ရှန်ဂုဏ်သည် အမျိုးသမီး ၅၀ ကျော်ကို စီးပွားရေးလုပ်ငန်း ထူထောင်လုပ်ကိုင်ရန် ဦးဆောင်ခဲ့သည်။ သူမ၏ ဦးဆောင်မှုတွင် ၎င်းသမဝါယမတွင် အဖွဲ့ဝင် ၂၂၉ ဦးရှိပြီး လက်ဖက်ခြံဧရိယာမှာ တရုတ်မူ ၉၀၀၀ ကျော် ပိုင်ဆိုင်ပြီး တစ်နှစ်လျှင် လက်ဖက်စိမ်း တန်ချိန် ၂၀၀ ထုတ်လုပ်နိုင်သည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)