Special Yunnan Lifestyle| တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် နှင်းဆီဟင်းပွဲတော်တွင် ဟင်းအမယ် ၃၀ ချက်ပြုတ်ရောင်းချနေ

2023-04-25 19:26:49
အရင်းအမြစ်:@云南大学 微博 昆明日报

နှင်းဆီငှက်ပျောဖူး၊ နှင်းဆီရေခဲမုန့်၊ နှင်းဆီထမင်းရည်မုန့်လုံးရေပေါ်၊ နှင်းဆီသီးသုပ်၊ နှင်းဆီမုန့်၊ နှင်းဆီကြော်၊ နှင်းဆီကြက်ဥထမင်းကြော်နှင့် နှင်းဆီဆူရှီစသည့် ဟင်းအမယ် ၃၀ ကို တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် နှင်းဆီဟင်းပွဲတော်တွင် မကြာသေးမီက ချက်ပြုတ်ရောင်းချခဲ့ပါသည်။

ယူနန်တက္ကသိုလ်၏ နှင်းဆီဟင်းပွဲတော်သည် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ ဧပြီလတိုင်းတွင် ယူနန်တက္ကသိုလ်၏ ချန်ဂုံကျောင်းဝန်းအတွင်းရှိ တရုတ်မူ ၃၀ (တစ်တရုတ်မူသည် ၆၆၆.၆၇ စတုရန်းမီတာနှင့် ညီမျှသည်)ကျော် စားသုံးနိုင်သော နှင်းဆီပန်းများ ပွင့်သောကာလသို့ ရောက်ရှိလာပါသည်။ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် နှင်းဆီပန်းမန်အလှတရားများကို ရှုစားကြသည့်အပြင် နှင်းဆီဟင်းများကို စိတ်ကြိုက်သုံးဆောင်နိုင်ပါသည်။

အဆိုပါကျောင်း၏ အစားအသောက်ဝန်ဆောင်မှုစင်တာသည် စားသုံးနိုင်သော နှင်းဆီပန်းများကို ဟင်းချက်ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် နှင်းဆီဟင်းပွဲတော်ကို သီးသန့်ပြုလုပ်ပေးပါသည်။ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် "နွေဦးအရသာ" ကို ခံစားနိုင်ရန် ၂ ယွမ်မှ ၄ ယွမ်သာ သုံးစွဲရန်သာ လိုအပ်ပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်တက္ကသိုလ် Micro-blog အကောင့်၊ ကူမင်းနေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle| တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် နှင်းဆီဟင်းပွဲတော်တွင် ဟင်းအမယ် ၃၀ ချက်ပြုတ်ရောင်းချနေ