Special Yunnan Lifestyle| ယွိရှီးမြို့ ယီမိန်ခရိုင်သို့သွားရောက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် ကျားလက်ဖဝါးအကဖျော်ဖြေပွဲကို ရှုစားကြစို့

2023-04-28 18:14:18
အရင်းအမြစ်:云南日报

မေလ ၁ ရက် အလုပ်သမားနေ့ ရုံးပိတ်ရက်ကာလအတွင်းတွင် ကျားလက်ဖဝါးအကဖျော်ဖြေပွဲကို ယူနန်ပြည်နယ် ယွိရှီးမြို့ ယီမိန်ခရိုင်တွင် ကျင်းပမည်ဖြစ်ပါသည်။

ယီတိုင်းရင်းသားလူမျိုးများသည် ကျားကို ကျက်သရေအဖြစ် ကိုးကွယ်ကြပြီး ကျားလက်ဖဝါးအကသည် ယီမိန်ခရိုင်ရှိ ယီတိုင်းရင်းသားလူမျိုးများအတွက် နှစ်သစ်ကူးပွဲတော်နေ့ထူးနေ့မြတ်ကို ဆင်နွှဲရန် မရှိမဖြစ် တင်ဆက်ရသည့် ဖျော်ဖြေပွဲဖြစ်သကဲ့သို့ နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းသော ရိုးရာတိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခု လည်း ဖြစ်ပါသည်။

ကျားလက်ဖဝါးအကမှာ “ကျားခုန်ခြင်း”ဟုလည်း ခေါ်ဝေါ်ပါသည်။ ယီတိုင်းရင်းသားလူမျိုးများ၏ ဘဝအတွေ့အကြုံနှင့် ကျားနတ်၏ ကျက်သရေကို ပေါင်းစပ်ထားသည့် ယဇ်ပူဇော်အကတစ်ခုဖြစ်သည်။ နှစ်စဥ်နှစ်တိုင်း တရုတ်သက္ကရာဇ် ပထမလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရွာသူရွာသားများသည် အိမ်တိုင်းအိမ်တိုင်းသို့ ကျားလက်ဖဝါးအကကို သွားရောက် ကလေ့ရှိပြီး“ကျားနတ်”ကို ရာသီဥတုသာယာ၍ သီးနှံများ၏ အထွက်နှုန်း ပေါများပါစေ၊ နေထိုင်မှုဘဝ ချမ်းမြေ့သာယာပါစေဟု ဆုတောင်းပါသည်။

  

ကျားလက်ဖဝါးအကသည် ရိုးရာလယ်ယာစိုက်ပျိုးရေးမြင်ကွင်းကို ပြန်လည်ဖော်ပြပေးကာ ယီတိုင်းရင်းသား လူမျိုးများ၏ ကြမ်းတမ်းပြီး ဝီရိယရှိသော စရိုက်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ ထူးခြားသော ဆွဲဆောင်မှုကိုလည်း ပြသထားသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle| ယွိရှီးမြို့ ယီမိန်ခရိုင်သို့သွားရောက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် ကျားလက်ဖဝါးအကဖျော်ဖြေပွဲကို ရှုစားကြစို့