တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ထိုင်ကျန်းခရိုင်က မြောင်လူမျိုးတို့၏ ညီအစ်မပွဲတော်

2023-05-04 18:29:14
အရင်းအမြစ်:新华社

“မေဒေး” အားလပ်ရက်ကာလတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး၊ တုန့်လူမျိုး ကိုယ်ပိုင်အုပ်ခွင့်ရပြည်နယ်ခွဲ ထိုင်ကျန်း ခရိုင်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြောင်လူမျိုးတို့၏ ညီအစ်မပွဲတော်ကို ကျင်းပခဲ့သည်။ ထူးခြားမှုရှိ၍ ခမ်းနားလှပသော အဝတ်အစားများကို ဆင်ယင်၍ စီတန်းလှည့်လည်ဖျော်ဖြေမှုများ၊ တိုင်းရင်းသားရိုးရာ အဆိုအကများ၊ မြောင်လူမျိုးတို့၏စားပွဲရှည်တန်းဧည့်ခံပွဲ၊ တိုင်းရင်းသားရိုးရာလက်မှုပညာလက်ရာပစ္စည်းများပြသခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ခရီးသွားအများအပြားအား ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ညီအစ်မပွဲတော်သည် ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး၊ တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ထိုင်ကျန်းခရိုင်ရှိ မြောင်တိုင်းရင်းသားမွေးချင်းများ၏ ရိုးရာပွဲတော်ဖြစ်ရာ ၂၀၀၆ ခုနှစ်တွင် ပထမအသုတ် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ထည့်သွင်းခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ထိုင်ကျန်းခရိုင်က မြောင်လူမျိုးတို့၏ ညီအစ်မပွဲတော်