ပန်ဒါကြီး ယဥ်ကျေးမှု တီထွင်မှုထုတ်ကုန်ပစ္စည်းများသည် ဂျပန်နိုင်ငံတွင် ရေပန်းစားလျက်ရှိ

2023-05-09 18:11:17
အရင်းအမြစ်:人民网 微博

ဂျပန်လူမျိုးများသည် ပန်ဒါကြီးများ၏ ချစ်စရာကောင်းသော ပုံရိပ်ကို နှစ်သက်ကြပြီး ပန်ဒါကြီးများကို မွေးမြူထားသည့် ဂျပန်နိုင်ငံတစ်ဝှမ်းရှိ တိရစ္ဆာန်ရုံများသည် ၎င်းတို့၏ "ငွေရှာနိုင်စွမ်း" ကို တန်ဖိုးထားကြသည်။ ဂျပန်နိုင်ငံရှိ Shirahama တိရစ္ဆာန်ရုံရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်တွင် ပန်ဒါကြီး ယဥ်ကျေးမှုတီထွင်မှုထုတ်ကုန်ပစ္စည်းများနှင့် ပြည့်နှက်နေပြီး အရုပ်ကလေးများနှင့် နေ့စဉ်သုံးပစ္စည်းများအထိ ပါဝင်လာကြသည်။

တိရစ္ဆာန်ရုံတစ်ဝိုက်တွင် ပန်ဒါပုံစံ စခန်းချကျေးရွာကိုလည်း တည်ထောင်ထားပြီး အားလပ်ရက်အတွက် အဆိုပါအခန်းများမှာ အပြည့်နီးပါး ကြိုတင်မှာယူထားကြပြီဖြစ်သည်။ လက်ရှိအချိန်တွင်၊ ပန်ဒါပုံရိပ်များသည် ၎င်းဒေသရှိ လေဆိပ်၊ ဘူတာရုံများနှင့် စီးပွားရေးကုန်တိုက်များတွင် ပျံ့နှံ့နေပါသည်။ Shirahama မြို့ရှိ ဘူတာရုံအား "Panda Station" ဟုပင် အမည်ပြောင်းထားပြီး "Panda Express Train" သည် နေ့စဉ်နှင့်အမျှ ဝင်ထွက်နေပါသည်။ (ဆောင်းပါးအရင်းအမြစ် - MicroBlog ။ ဘာသာပြန် - Yunnan gateway)

ပန်ဒါကြီး ယဥ်ကျေးမှု တီထွင်မှုထုတ်ကုန်ပစ္စည်းများသည် ဂျပန်နိုင်ငံတွင် ရေပန်းစားလျက်ရှိ