Special Yunnan Lifestyle | အများသုံး အိမ်သာများကြောင့် အင်တာနက်အသုံးပြုသူများသည် ယူနန်ပြည်နယ်ကို ညွန်းဆိုနေ

2023-05-10 13:19:41
အရင်းအမြစ်:观云里

“ယူနန်ပြည်နယ်ရှိ အများသုံးအိမ်သာတွေရဲ့ အလှအပေါ် ကျွန်မတို့ အံ့သြမိပါတယ်။”မကြာသေးမီနှစ်များတွင် ယူနန်ပြည်နယ်တွင် "ကျော့ရှင်းနာမည်ကြီး"သော အများသုံး အိမ်သာ များစွာရှိခဲ့ပြီး ၎င်းတို့၏ ထူးခြားသောပုံစံများနှင့် ယင်းအများသုံးအိမ်သာများကို တည်ဆောက်သုံးစွဲရန် သက်တောင့်သက်သာရှိသော ခံစားချက်များကြောင့် အင်တာနက်အသုံးပြုသူများကို မမေ့နိုင်သော အထင်ကြီးမှုကို ချန်ထားခဲ့သည်။

အများသုံးအိမ်သာများသည် မြို့ပြ၏ ပုံရိပ်ကို ပြသရန်နှင့် မြို့ပြယဉ်ကျေးမှုကို ထင်ဟပ်ပြသရန် အရေးကြီးသော ပြတင်းပေါက်များထဲမှ တစ်ခုဖြစ်သည်။ ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်သည် “အိမ်သာတော်လှန်ရေး”ကို နက်ရှိုင်းစွာ မြှင့်တင်ဆောင်ရွက်လျက်ရှိနေပါသည်။ ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များကို အခြေခံ၍ အရည်အသွေးမြင့်မားသော အိမ်သာတော်လှန်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကာ မြို့ပြ၏ ဂုဏ်သတင်းကို ပိုမို မြှင့်တင်စေခဲ့သည်။

ထို့အပြင် ယူနန်ပြည်နယ်သည် ကျေးလက်ဒေသလူနေမှုပတ်ဝန်းကျင် အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်ရေးလုပ်ငန်းကို လက်တွေ့ကျကျ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေပါသည်။ ကျေးလက်ဒေသများတွင် "အိမ်သာတော်လှန်ရေး"ကို အခိုင်အမာ မြှင့်တင်ဖော်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ယူနန်ပြည်နယ်ရှိ ကျေးလက်ဒေသများတွင် အိမ်သုံးအိမ်သာ စုစုပေါင်း ၃.၉ သန်းနှင့် အများသုံးအိမ်သာ ၁၇,၀၀၀ ကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပါသည်။ ကျေးရွာတစ်ခုစီတွင် အများသုံးအိမ်သာတစ်ခု (သို့) တစ်ခုအထက် ရှိပါသည်။ ကျေးလက်ဒေသတွင် အိမ်သာတည်ဆောက်သုံးစွဲမှုနှုန်းသည် ၂၀၁၂ ခုနှစ်၏ ၃၁.၄% မှ ၆၀.၄% သို့ တိုးမြှင့်လာရာ ၂၉% တိုးလာပါသည်။ (ဆောင်းပါးအရင်းအမြစ် - ကွမ်ယူလီ WeChat အကောင့်။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle | အများသုံး အိမ်သာများကြောင့် အင်တာနက်အသုံးပြုသူများသည် ယူနန်ပြည်နယ်ကို ညွန်းဆိုနေ