တရုတ်နိုင်ငံ ရှေးဟောင်းမြို့တော် ရှီးအန်း၏ ယဉ်ကျေးမှုအထင်ကရ ။ ။ ဧကရာဇ်ဘုရင် ချင်ရှီဟွမ်၏ မြေရုပ်တုစစ်တပ်

2023-05-12 15:05:04
အရင်းအမြစ်:新华社

ကွမ်းကျိုး လွင်ပြင်အလယ်ပိုင်းတွင် ခန့်ညားစွာ တည်ရှိနေပြီး မြောက်ဘက်တွင် မြေဝါကုန်းပြင်မြင့်၊ တောင်ဘက်တွင် ချင်လျန်တောင်တန်းနှင့်ဆက်လျက်ရှိသော ရှီးအန်းမြို့သည် မြို့တည်သက်တမ်း နှစ်ပေါင်း ၃,၁၀၀ ကျော်၊ မြို့တော်အဖြစ် တည်ထားသောသက်တမ်း နှစ်ပေါင်း ၁,၁၀၀ ကျော် ရာဇဝင်ရှိသည့် သမိုင်းယဉ်ကျေးမှုဆိုင်ရာ အထင်ကရ မြို့ဖြစ်သည်။

ယင်းနေရာတွင် တရုတ်ရှေးမင်းဆက်ပေါင်း ၁၃ ဆက်၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဆုံစည်းမှု၊ ခွဲခွါမှု အဖြစ်အပျက် များစွာ ဖြစ်ပွားခဲ့သည်။ ရှီးအန်းမြို့ရှိ ယဉ်ကျေးမှုအထင်ကရနေရာ တစ်ခုစီတိုင်းသည် ရှည်လျားသော သမိုင်းကာလ၏ ခမ်းနားထည်ဝါမှုနှင့် တသွင်သွင် ပြောင်းလဲလာသည့် သမိုင်းအသွင်အပြင်များ၏ အမှတ်အသားများ ဖြစ်သည်။ရှီးအန်း ယဉ်ကျေးမှု အထင်ကရနေရာတစ်ခုဖြစ်သည့် ချင်မင်းဆက် မြေရုပ်တုစစ်တပ်သည် ရှီးအန်းမြို့ လျင်ထုန်ခရိုင်တွင် တည်ရှိပြီး ဧကရာဇ်ဘုရင် ချင်ရှီဟွမ် ဂူဗိမာန်ပြတိုက်၏ အရေးကြီးအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ချင်ရှီဟွမ် မြေရုပ်တု စစ်တပ်ပြတိုက် တရားဝင်ဖွင့်လှစ်ပြီးသည့်အချိန်မှစ၍ ယနေ့အထိ ပြည်တွင်းပြည်ပ ခရီးသွားပေါင်း သန်း ၁၀၀ ကျော် ကို လက်ခံခဲ့ပြီးဖြစ်ရာ ၎င်းတို့အနက် နိုင်ငံ့ခေါင်းဆောင်များနှင့်အစိုးရအကြီးအကဲ စုစုပေါင်း၂၂၀ ကျော် အပါအဝင် ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှေးဟောင်းမြို့တော် ရှီးအန်း၏ ယဉ်ကျေးမှုအထင်ကရ ။ ။ ဧကရာဇ်ဘုရင် ချင်ရှီဟွမ်၏ မြေရုပ်တုစစ်တပ်