Beautiful China, pleasant journey| နှစ်ပေါင်း(၁၇၀၀)ကျော် လာပြီဖြစ်တဲ့ အသားကင်ယဉ်ကျေးမှု

2023-05-22 20:55:22
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ်၊ ကျားယွီကွမ်းမြို့တွင် တည်ရှိသော ရှေးဂူသင်္ချိုင်းတစ်ခုအတွင်းတွင် လွန်စွာအသက်ဝင်သည့် ကျောက်ပန်းချီချပ်များသည် လွန်ခဲ့သောနှစ်ပေါင်း(၁၇၀၀)ကျော်မှ လူတို့သည် ဆိတ်သားလှီးခြင်း၊ တုတ်ထိုးအသားကင်ခြင်း၊ ဧည့်ပရိသတ်များအား တည်ခင်းဧည့်ခံခြင်း စသည့်အဖြစ်အပျက်များအား ဖော်ပြထားပါသည်။ ပန်းချီကျောက်သားပေါ်တွင် အိမ်ရှင်အမျိုးသားမှ ဧည့်သည်များကို တည်ခင်းဧည့်ခံသည့် ရုပ်ပုံရေးဆွဲထားပြီး အကြောင်းအရာတွင် လူတို့သည် အသားကင်ရန် အချောကိုင်ခြင်း၊ အသားပြုတ်ခြင်း၊ လင်ဗန်းများဖြင့် အိမ်ရှင်အား စားသုံးရန်ပေးခြင်း စသည့်အဖြစ်အပျက်များ ဖော်ပြထားပါသည်။

ကျားယွီကွမ်း အသားကင်စားသည့် ဓလေ့သည် ယနေ့အထိ ဆက်လက်တည်ရှိနေပါသည်။ ယနေ့ ကျားယွီကွမ်းမြို့တွင် အသားကင်ဆိုင်များ နေရာတိုင်းတွင် တွေ့မြင်နိုင်ပါသည်။ ဒေသခံအသားကင်သည် အမျိုးအစားစုံလင်ပြီး စားသုံးလာသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အသားကင်သည့် မြို့သူမြို့သားများ နှစ်သက်သော စားကောင်းသောက်ဖွယ်တစ်ခု ဖြစ်နေဆဲ ဖြစ်ပါသည်။

Beautiful China, pleasant journey| နှစ်ပေါင်း(၁၇၀၀)ကျော် လာပြီဖြစ်တဲ့ အသားကင်ယဉ်ကျေးမှု