တရုတ်လူမျိုးတို့၏ မိသားစုနှင့် နိုင်ငံတော်ရေးရာ စိတ်နေသဘောထား ပါဝင်သော ကောက်ညှင်းထုပ်ပွဲတော်

2023-06-26 17:21:28
အရင်းအမြစ်:国际在线

တရုတ်ကောက်ညှင်းထုပ်ပွဲတော်သည် နှစ်ပေါင်း၂၅၀၀ကျော် သမိုင်းသက်တမ်း ရှိခဲ့ပါပြီ။ ကောက်ညှင်းထုပ်ပွဲတော်တွင် ခေတ်အဆက်ဆက်မှ တရုတ်လူမျိုးတို့သည် နဂါးလှေလှော် ပြိုင်ပွဲ၊ ကောက်ညှင်းထုပ်ထုပ်ခြင်းနှင့် အိတ်ပန်းထိုးခြင်းစသည့် ရိုးရာဓလေ့ထုံးစံလှုပ်ရှားမှု များဖြင့် Qu Yuan ကို လွမ်းဆွတ်သတိရပြီး တရုတ်ယဉ်ကျေးမှုတွင် ကရုဏာတရားကို အလေးပေးခြင်း၊ ပြည်သူ့အခြေခံကို အလေးထားခြင်း၊ သမာဓိစောင့်ထိန်းခြင်း၊ တရားမျှတမှုကို ကြည်ညိုလေးစားခြင်း၊ သဟဇာတဖြစ်မှု လိုလားခြင်းနှင့် တူညီမှုများကို ရှာကြံခြင်းဟူသော စိတ်ဓာတ်ဆိုင်ရာ ထူးခြားချက်လက္ခဏာများကို ဖော်ပြပါသည်။ ကောက်ညှင်းထုပ်ပွဲတော်နှင့်ပတ်သက်သော ဓလေ့ထုံးစံများသည် တရုတ်လူမျိုးတို့မှ မျိုးချစ်စိတ်ရှိသူများအပေါ် ရိုသေလေးစားမှုကို ဖော်ပြနိုင်သကဲ့သို့ တရုတ် အမျိုးသား၏ မျိုးချစ်စိတ် ကိုလည်း ဖော်ပြနိုင်ပါသည်။

တရုတ်ထိပ်သီးခေါင်းဆောင် ရှီကျင့်ဖိန် က မျိုးချစ်စိတ်သည် ကမ္ဘာပေါ်တွင် အနက်ရှိုင်းဆုံး နှင့် အကြာရှည်ဆုံးသော ချစ်ခြင်းမေတ္တာ ဖြစ်ပြီး လူတစ်ဦးအနေဖြင့် ကိုယ်ကျင့်တရား၏ အရင်းအမြစ်နှင့် ကုသိုလ်ကောင်းမှု၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ် ဇွန်လက ကျင်းပခဲ့သည့် ယဉ်ကျေးမှုလက်ဆင့်ကမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန် က တရုတ်ယဉ်ကျေးမှုတွင် တစ်ဆက်တည်းဖြစ်မှု၊ တီထွင်ဆန်းသစ်မှု၊ တစ်ပေါင်းတစ်စည်းတည်းဖြစ်မှု၊ အားလုံးပါဝင် နိုင်မှုနှင့် ငြိမ်းချမ်းမှု စသည့်ထူးခြားချက်များ ပါဝင်ကြောင်း၊ ခေတ်၏ ထူးခြားချက် လက္ခဏာနှင့် ပေါင်းစပ်ပြီး တရုတ်အမျိုးသား၏ ခေတ်မီယဉ်ကျေးမှုကို တည်ဆောက်ရ မှာဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

နှစ်ပေါင်း၂၀၀၀ ကျော် လက်ဆင့်ကမ်းရာတွင် တရုတ်ကောက်ညှင်းထုပ်ပွဲတော်သည် မတူညီသော ခေတ်၏ ယဉ်ကျေးမှုနောက်ခံနှင့် လိုက်လျောညီထွေ ဖြစ်အောင် အဆက်မပြတ် ပြောင်းလဲတိုးတက်လာပြီး မျက်မှောက်ခေတ်၌ ရှင်သန်တက်ကြွမှုသစ်ကို ရရှိ၍ တရုတ် အမျိုးသား၏ ခေတ်မီယဉ်ကျေးမှုတွင် အားကောင်းသော ရှင်သန်မှုကို ဖော်ပြနိုင် ပါသည်။

တရုတ်လူမျိုးတို့၏ မိသားစုနှင့် နိုင်ငံတော်ရေးရာ စိတ်နေသဘောထား ပါဝင်သော ကောက်ညှင်းထုပ်ပွဲတော်