ပူပြင်းသောရာသီဥတုတွင် အာရှဆင်များသည် တရုတ်-မြန်မာနယ်စပ်၌ အပူရှောင်

2023-06-29 20:09:43
အရင်းအမြစ်:临沧融媒体新闻社 云南南滚河国家级自然保护区管护局

မကြာသေးမီက တရုတ်-မြန်မာနယ်စပ်ရှိ ယူနန်နန်ကွမ်ဟော်အမျိုးသားအဆင့် သဘာဝဘေးမဲ့ဇုန် စီမံအုပ်ချုပ်မှုဌာနတွင် သုတေသီများသည် အာရှဆင်ရိုင်းများ၏ အပူရှောင်ကြသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးခဲ့ကြသည်။

နန်ကွမ်ဟော် အာရှဆင်များသည် အဆိုပါ သဘာဝဘေးမဲ့ဇုန်၏ ချန်ယွမ်ဧရိယာရှိ ပန်းဟုန်နှင့် ပန်းလောက် နန်ကွမ်ဟော်မြစ်ဝှမ်းဒေသတစ်လျှောက်တွင် အဓိက နေထိုင်ကြသည်။ ၂၀၁၉ ခုနှစ်တွင် ပေကျင်းသစ်တောရေးရာ တက္ကသိုလ် တောရိုင်းတိရစ္ဆာန်သုတေသနစင်တာနှင့် ပေကျင်းလူချောင်သဘာဝဂေဟဗေဒစင်တာတို့သည် နန်ကွမ်ဟော်အမျိုးသားအဆင့် သဘာဝဘေးမဲ့ဇုန်တွင် စူးစမ်းလေ့လာကာ အာရှဆင် ၁၂ ကောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ မော်လီကျူး ဇီဝဗေဒ ခွဲခြမ်းစိတ်ဖြာမှုအရ နန်ကွမ်ဟော် အာရှဆင်အုစ်စု၏ အကောင်ရေမှာ ၂၂ ကောင်မှ ၂၈ ကောင်ရှိသည်ဟု ခန့်မှန်းထားသည်။ (ဆောင်းပါးအရင်းအမြစ် - လင်ချန်းသတင်းဌာန၊ ယူနန်နန်ကွမ်ဟော်အမျိုးသားအဆင့် သဘာဝဘေးမဲ့ဇုန် စီမံအုပ်ချုပ်မှုဌာန။ ဘာသာပြန် - Yunnan gateway)

ပူပြင်းသောရာသီဥတုတွင် အာရှဆင်များသည် တရုတ်-မြန်မာနယ်စပ်၌ အပူရှောင်