တရုတ်-မြန်မာနယ်စပ်ရှိ ယင်ကျန်းခရိုင် နုန့်ကျန်း ဧရာမရောင်စုံစပါးခင်းပန်းချီကားမှာ ခရီးသွားများအား အံ့သစေသည်

2023-07-27 18:40:05
အရင်းအမြစ်:盈江县融媒体中心

မကြာသေးမီက တရုတ်-မြန်မာနယ်စပ်ရှိ ယင်ကျန်းခရိုင် နုန့်ကျန်းမြို့နယ် ဖေးမုန်ကျေးရွာ၏ ကျေးလက်ပြန်လည်ရှင်သန်ရေး သရုပ်ပြဇုန်တွင် ကောင်းကင်မှတစ်ဆင့် ရောယှက်နေသော စပါးခင်းများတွင် "ကျေးလက်ပြန်လည်ရှင်သန်ရေး" နှင့် "ယူနန်၏ အနောက်ပိုင်းဒေသရှိ စပါးဂိုဒေါင်" စသည့် တရုတ်စာလုံးကြီးများဖြင့် ချယ်လှယ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ အနားသို့ တိုးကြည့်မည်ဆိုလျှင် ဤသည်မှာ စပါးခင်းများကို "ပန်းချီကားချပ်" အဖြစ်၊  ပျိုးပင်များကို "ဆေးရောင်ခြယ်" အဖြစ် ဖန်တီးထားသော ဧရာမရောင်စုံ စပါးခင်းပန်းချီကား ဖြစ်ပါသည်။

ဤရောင်စုံစပါးခင်းများသည် အစိမ်းရောင်၊ အဖြူရောင်၊ အနက်ရောင်၊ ခရမ်းရောင်နှင့် အနီရောင် တီထွင်ဖန်တီးမှု  စပါးမျိုးစိတ် ၅ မျိုးကို ရွေးချယ် စိုက်ပျိုးထားပြီး GPS မှတဆင့် တည်နေရာသတ်မှတ်ခြင်း၊ နမူနာပြုလုပ်ခြင်းနှင့် လူကိုယ်တိုင်စိုက်ပျိုးခြင်းတို့ဖြင့် တရုတ်ဧက ရာနှင့်ချီသော စပါးခင်းများတွင် ပုံတစ်ပုံကို သဏ္ဍာန်လုပ် သရုပ်တူစွာ  “ရေးဆွဲ”ထားပါသည်။ လက်ရှိအချိန်တွင် စပါးခင်းပန်းချီကား၏ ကောက်ကြောင်းသည် တဖြည်းဖြည်း ထင်ရှားလာပါသည်။ (ဆောင်းပါးအရင်းအမြစ် -ရင်ကျန်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် --Yunnan gateway)

တရုတ်-မြန်မာနယ်စပ်ရှိ ယင်ကျန်းခရိုင် နုန့်ကျန်း ဧရာမရောင်စုံစပါးခင်းပန်းချီကားမှာ ခရီးသွားများအား အံ့သစေသည်