“အသေးစားလယ်ယာသုံးစက်”ဖြင့် စွမ်းဆောင်ပေးပြီး တောင်ပေါ်ဒေသ သရက်သီးစိုက်ပျိုးခြင်းအား “စက်နဲ့လူလဲလှယ်ပေးခြင်း” အကောင်အထည်ဖော်နိုင်ခဲ့
ဒုတိယအကြိမ် တရုတ်နိုင်ငံ သရက်သီးထွက်ကုန်လုပ်ငန်းအစည်းအဝေးကြီးကို ယခုရက်ပိုင်းတွင် ကွမ်ရှီး၊ ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထျန်တုန်းခရိုင်၊ ပိုင်ဆဲ့မြို့တွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် လယ်ယာသုံးစက်ပစ္စည်းများ ပြသ၊ သရုပ်ပြမှုကို ထည့်သွင်းခဲ့ပါသည်။ ပြသ၊ သရုပ်ပြမှု ဧရိယာတွင် “မီးရထားငယ်”၊ “လေယာဉ်ကြီး”များ အပြန်ပြန်အလှန်လှန် မောင်းနှင်ပျံသန်းနေကြပြီး မြေတူးစက်၊ လယ်ထွန်စက်၊ စိုက်ပျိုးစက်များကိုလည်း အလှည့်ကျပြသခဲ့သဖြင့် လွန်စွာမှ စည်ကားလှပါသည်။ အကြီးစား ရေငွေ့မှုတ်စက်မှ ရေငွေ့၏ အေးမြမှုနှင့် လျှပ်စစ်ကတ်ကြေး “ချပ်ချပ်”ဆိုသော အသံများသည် ပွဲလာပရိသတ်အများအပြားကို ရပ်တန့်ကြည့်ရှုရန် ဆွဲဆောင်နိုင်ခဲ့ပါသည်။ “မိုးပေါ်တွင်ပျံသော၊ မြေပေါ်တွင်မောင်းသော၊ သရက်သီးစက်များ အားလုံးစုံနေသည်”ဟု ဆိုနိုင်ပါသည်။
၂၀၁၉ ခုနှစ်မှစ၍ ပိုင်ဆဲ့မြို့၊ လယ်ယာသုံးစက်ဌာနသည် တောင်တန်းဒေသမြေအနေအထား ပြောင်းလဲမှုကြီးမားပြီး မြေသားပျံ့နှံ့မှု လက်တွေ့အခြေအနေများကို ပေါင်းစပ်ပြီး “စိုက်ပျိုးရေးလည်ပတ်မှု စီမံခန့်ခွဲမှုအဖွဲ့အသစ်+ သင့်တင့်သောပမာဏ + အလုံးစုံစက်ပစ္စည်းသုံး” စသည့် ဖွံ့ဖြိုးတိုးတက်မှုပုံစံကို တက်ကြွစွာ စူးစမ်းရှာဖွေခဲ့ကာ အမျိုးမျိုးသော “အသေးစားလယ်ယာသုံးစက်”များ ဖြန့်ဖြူး၍ သရက်သီးထွက်ကုန်လုပ်ငန်း အရည်အသွေးမြင့်၊ အကျိုးသက်ရောက်မှုတိုးပွားစေရန် ကူညီအားပေးခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ ပိုင်ဆဲ့တစ်မြို့လုံးတွင် အသေးစားလယ်ယာသုံးစက် ပိုင်ဆိုင်မှု ပမာဏသည် အစီးရေ ၁ သိန်းကျော် ရှိခဲ့ပါသည်။ စက်ဖြင့် မြက်ရှင်းခြင်း၊ စိုက်ပျိုးခြင်း၊ မြေဩဇာပက်ခြင်းသည် လူအား၏ ၆ ဆနှင့်အထက်တွင် ရှိပါသည်။ လျှပ်စစ်ကတ်ကြေးဖြင့် အကိုင်းများ ဖြတ်တောက်ခြင်းသည် အချင်း ၃ စင်တီမီတာနှင့် အထက်ရောက်ရှိခဲ့ပြီး သရက်သီးထုတ်လုပ်ရေးခြံတွင် လျှပ်စစ်ကတ်ကြေးဖြင့် လူအားကိုအစားထိုးဆောင်ရွက်ခြင်း အကောင်အထည်ဖော်နိုင်ခဲ့ကာ လုပ်ငန်းအကျိုးသက်ရောက်မှုသည် လူအား၏ ၁၀ ဆနှင့်အထက်တွင် ရှိသဖြင့် ပိုင်ဆဲ့သရက်ခြံများ၏ အကိုင်းဖြတ်ခြင်း၊ အသီးခူးခြင်းစသည့် လုပ်ငန်းများတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြပြီဖြစ်သည်။ မောင်းသူမဲ့လေယာဉ်ဖြင့် အပင်ထိန်းဆေးဖြန်းခြင်း မျက်နှာပြင်ဧရိယာသည် တစ်ရက်လျှင် ဧက ၃၀၀-၅၀၀ ထိရောက်ရှိနိုင်ပြီး ၉၀ ရာခိုင်နှုန်းသော ရေနှင့် ၅၀ ရာခိုင်နှုန်းသော စိုက်ပျိုးဓာတုဆေးများကို ချွေတာနိုင်ပါသည်။ ဧကတိုင်းတွင် ဆေးရည်ချွေတာနိုင်မှု ၄၀-၅၀ ယွမ်၊ ပေါင်းစပ်အရင်းအနှီး ၉၀-၁၀၀ ယွမ်ထိ ချွေတာနိုင်ပါသည်။ လက်ရှိတွင် အကြီးစား သရက်သီးစိုက်ပျိုးရေး အခြေစိုက်စခန်းများသည် အသုံးပြုမှုများ ပိုမိုဆောင်ရွက်လာနေကြပါသည်။ ရထားလမ်းပို့ဆောင်ရေးစက်တိုင်းသည် တစ်ကြိမ်လျှင် ကီလိုဂရမ် ၂၀၀ ရှိသော ကုန်ပစ္စည်းများ ပို့ဆောင်နိုင်ပြီး ပို့ဆောင်ရေးအကျိုးရလဒ်သည် လူအား၏ အဆ ၄၀ နှင့်အထက်ဖြစ်ကာ လူအားအရင်းအနှီး ၆၀ ရာခိုင်နှုန်း ချွေတာနိုင်သဖြင့် တောင်သူလယ်သမားအုပ်စုကြီး၏ များပြားလှစွာသော ချီးမွမ်းမှုကို ရရှိခဲ့ပါသည်။