တရုတ်-မြန်မာနယ်စပ်ရှိ ရင်ကျန်းခရိုင်သို့ ဆန်အသစ်ကို မြည်းစမ်းရင်း တိုင်(ရှမ်း)လူမျိုးလူငယ်အမျိုးသမီး၊ အမျိုးသားများနှင့်အတူ "တိုင်(ရှမ်း)လူမျိုး ချစ်သူများနေ့" ကို အတူလာရောက် ဆင်နွှဲကြပါစို့

2023-08-30 18:42:23
အရင်းအမြစ်:云南日报

ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၂၀၂၃ ခုနှစ် ရင်ကျန်း"ဟောင်မောင်(Haomao)" ဆန်စပါးစိုက်ပျိုးရေးယဉ်ကျေးမှုနှင့် ခရီးသွားပွဲတော်ကို တရုတ်-မြန်မာနယ်စပ်ရှိ နုန့်ကျန်းမြို့နယ်၌ ကျင်းပခဲ့သည်။ ၎င်းပွဲတော်တွင် ပွဲတက်ပရိသတ်များသည် စည်ကားသိုက်မြိုက်စွာဖြင့် အတူတကွ ဆင်နွှဲခဲ့ကြပါသည်။

ရင်ကျန်းခရိုင်၌ ဆောင်းဦးပေါက်ရာသီတိုင်းတွင် ဝီရိယကောင်းသော တိုင်(ရှမ်း)လူမျိုးများသည် စပါးခွံအနည်းငယ်စိမ်းနေသော ကောက်ညှင်းဆန်စေ့များကို တိုင်(ရှမ်း)လူမျိုးတို့၏ ရိုးရာအစားအစာ - "ဟောင်မောင်း(Haomao)" ပြုလုပ်ရန် သေချာစွာ ရွေးချယ်ထားတတ်ကြပါသည်။

"ဟောင်မောင်း(Haomao)" ပြုလုပ်သည့် လုပ်ငန်းစဉ်သည်လည်း တိုင်(ရှမ်း)လူမျိုးလူငယ်အမျိုးသမီးနှင့် အမျိုးသားများ၏ တတ်ကျွမ်းမှုများကို ပြသရန်၊ အတွေးအမြင်များကို ထုတ်ဖော်ပြောဆိုရန်နှင့် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ရန်အတွက် စိတ်ဝင်စားဖွယ်ကောင်းသော လှုပ်ရှားမှုတစ်ခုဖြစ်သကဲ့သို့ပင် လူငယ်အမျိုးသား၊ အမျိုးသမီးများ၏ ကူးလူးဆက်ဆံပြီး မိတ်ဆွေသူငယ်ချင်းအဖြစ် မိတ်ဖွဲ့ရန်အတွက် ပလက်ဖောင်းတစ်ခုဖြစ်ပေသည်။ "တိုင်(ရှမ်း)လူမျိုး ချစ်သူများနေ့" ဟု ဆိုထိုက်ပါပေသည်။(ဆောင်းပါးအရင်းအမြစ် -ရင်ကျန်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် --Yunnan gateway)

တရုတ်-မြန်မာနယ်စပ်ရှိ ရင်ကျန်းခရိုင်သို့ ဆန်အသစ်ကို မြည်းစမ်းရင်း တိုင်(ရှမ်း)လူမျိုးလူငယ်အမျိုးသမီး၊ အမျိုးသားများနှင့်အတူ "တိုင်(ရှမ်း)လူမျိုး ချစ်သူများနေ့" ကို အတူလာရောက် ဆင်နွှဲကြပါစို့