Special Yunnan Lifestyle | တရုတ်-မြန်မာနယ်စပ် ကျိန့်ခမ်းခရိုင်တွင် ဒေါင်းစိမ်းတစ်ကောင်၏ အတောင်ပံ ဖြန့်သည့်အခိုက်အတန့်ကို အနီအောက်ရောင်ခြည်ကင်မရာဖြင့် ဖမ်းယူရိုက်ကူးခဲ့

2023-10-13 13:59:31
အရင်းအမြစ်:镇康县融媒体中心

မကြာသေးမီက ယူနန်ပြည်နယ် လင်ချန်းမြို့ ကျိန့်ခမ်းခရိုင် နန်းဖုန်းဟယ် သဘာဝဘေးမဲ့တောတွင် "Eye of Secret" အနီအောက်ရောင်ခြည်ကင်မရာဖြင့် ဒေါင်းစိမ်းတစ်ကောင်၏ အတောင်ပံ ဖြန့်သည့် အခိုက်အတန့်ကို ဖမ်းယူရိုက်ကူးနိုင်ခဲ့သည်။

ဒေါင်းစိမ်းသည် တရုတ်နိုင်ငံအမျိုးသားပထမအဆင့် အကာအကွယ်ပေးထားသော တိရစ္ဆာန်ဖြစ်ပြီး “ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးသမဂ္ဂ မျိုးတုန်းပျောက်ကွယ်လုနီးပါး မျိုးစိတ်များ အနီရောင်စာရင်း” တွင် ထည့်သွင်းထားသည်။ စုံစမ်းလေ့လာချက်များအရ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်သာ တွေ့ရှိရသော ဒေါင်းစိမ်း အရေအတွက်သည် သိသိသာသာ ကျဆင်းသွားပြီး အကောင်ရေ ၅၅၀ အောက်သာရှိတော့ကြောင်း သိရသည်။ (ဆောင်းပါးအရင်းအမြစ်-ကျိန့်ခမ်းခရိုင်မီဒီယာစင်တာ၊ ဘာသာပြန်- Yunnan Gateway)

Special Yunnan Lifestyle | တရုတ်-မြန်မာနယ်စပ် ကျိန့်ခမ်းခရိုင်တွင် ဒေါင်းစိမ်းတစ်ကောင်၏ အတောင်ပံ ဖြန့်သည့်အခိုက်အတန့်ကို အနီအောက်ရောင်ခြည်ကင်မရာဖြင့် ဖမ်းယူရိုက်ကူးခဲ့