တရုတ် Mohe တွင် မြောက်ဝင်ရိုးစွန်းအလင်းတန်းများကို ပြန်လည်တွေ့ရှိ

2023-11-08 18:37:19
အရင်းအမြစ်:国际在线

နိုဝင်ဘာလ ၅ ရက်နေ့ညမှ ၆ ရက်နေ့ နံနက်စောစောပိုင်းအထိ တရုတ်နိုင်ငံ Mohe Beiji ရွာနှင့် Da Xing'an Ling ဒေသ Jiagedaqi ရပ်ကွက်တွင် အံ့ဖွယ်ကောင်းသော ဝင်ရိုးစွန်း အလင်းတန်းများ၏အလှကို တွေ့မြင်နိုင်ပါသည်။ လှပသော ဝင်ရိုးစွန်းအလင်းတန်း များသည် အဓိကအားဖြင့် အနီရောင်နှင့် အစိမ်းရောင် ဖြစ်ပြီး မြောက်ပိုင်း၏ ညကောင်းကင်ယံတွင် တစ်ပြိုင်နက် ပေါ်လာခြင်း ဖြစ်ပါသည်။ ယခုအကြိမ် Mohe တွင် ပေါ်လာသော ဝင်ရိုးစွန်းအလင်းတန်းများသည် ၇ရာနီကျော် ကြာမြင့်ခဲ့သည်။ ယခုနှစ်တွင် Mohe၌ မြောက်ဝင်ရိုးစွန်းအလင်းတန်းများသည် ကြိမ်ဖန်များစွာ ပေါ်လာကြောင်း သိရှိရသည်။

တရုတ် Mohe တွင် မြောက်ဝင်ရိုးစွန်းအလင်းတန်းများကို ပြန်လည်တွေ့ရှိ