Special Yunnan Lifestyle | ဟုန်ဟယ်ပြည်နယ်ခွဲ လွေချွန်ခရိုင်မှ ဟာနီလူမျိုးတို့သည် စားပွဲပေါင်း ၄၀၆၅ ရှိ “လမ်းအရှည်ဆုံးစားပွဲ”ကို တည်ခင်းဧည့်ခံကာ လူထောင်ပေါင်းများစွာက ပျော်ပျော်ပါးပါး အတူဆင်နွှဲကြ

2023-11-23 17:38:29
အရင်းအမြစ်:绿城县融媒体中心

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဟုန်ဟယ် ဟာနီ၊ ယီ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်ခွဲ လွေချွန်ခရိုင်သည် ၂၀၂၃ ခုနှစ် ယူနန် - လွေချွန် ဟာနီလူမျိုး ရှေးဟောင်းလမ်းရှည်စားပွဲ ယဥ်ကျေးမှုနှင့် ခရီးသွားပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတော်သည် "ကမ္ဘာ့လမ်းအရှည်ဆုံးစားပွဲ" လှုပ်ရှားမှုဖြစ်ပေသည်။ လွေချွန်ခရိုင်သည် ခရိုင်၏ အဓိကလမ်းမပေါ်တွင် စားပွဲပေါင်း ၄၀၆၅ လုံးတည်ခင်းဧည့်ခံကာ ကမ္ဘာတစ်ဝှမ်းမှဧည့်သည်များကို ပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြားထားသည်။

ဟုန်ဟယ် ဟာနီလူမျိုးတို့သည် နှစ်စဥ်နှစ်တိုင်း တရုတ်သက္ကရာဇ် ၁၀ လပိုင်း၏ ပထမဆုံး နဂါးနေ့ကို နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်ထားပါသည်။ ဟန့်လူမျိုးတို့၏ နွေဦးနှစ်သစ်ကူးပွဲတော်၏ နှစ်ဆန်းတစ်ရက်နေ့နှင့် ညီမျှပါသည်။ ဟာနီလူမျိုးတို့၏ တရုတ်သက္ကရာဇ် ၁၀ လပိုင်းနှစ်ဟု ခေါ်ဆိုပါသည်။ ရှေးဟောင်းလမ်းရှည်စားပွဲသည် နှစ်ဟောင်းနှစ်သစ်ကြိုဆိုသော တရုတ်သက္ကရာဇ် ၁၀ လပိုင်းနှစ်၏ ဓလေ့တစ်ခုဖြစ်ပါသည်။ လူများသည် သက်ရှည်ကျန်းမာစိတ်ချမ်းသာစေရန် ဆုတောင်းကြပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ လွေချွန်ခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

Special Yunnan Lifestyle | ဟုန်ဟယ်ပြည်နယ်ခွဲ လွေချွန်ခရိုင်မှ ဟာနီလူမျိုးတို့သည် စားပွဲပေါင်း ၄၀၆၅ ရှိ “လမ်းအရှည်ဆုံးစားပွဲ”ကို တည်ခင်းဧည့်ခံကာ လူထောင်ပေါင်းများစွာက ပျော်ပျော်ပါးပါး အတူဆင်နွှဲကြ