Special Yunnan Lifestyle | တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့သည် ၂၀၂၃ ခုနှစ် ဂျိမ်းဖောလူမျိုးတို့၏ ကောက်သစ်စားပွဲတော်ကို ပျော်ပါးစွာ ဆင်နွှဲ
2023-11-29 17:11:11
အရင်းအမြစ်:瑞丽市融媒体中心
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့သည် ၂၀၂၃ ခုနှစ် ဂျိမ်းဖောလူမျိုးတို့၏ ကောက်သစ်စားပွဲတော်ကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဟူယွီကျေးရွာ ဂျိမ်းဖောယဥ်ကျေးမှုဥယျာဥ်၌ ပျော်ပါးစွာ ကျင်းပခဲ့ပါသည်။
ကောက်သစ်စားပွဲတော်သည် ဂျိမ်းဖောလူမျိုးများမှ ကောက်ရိတ်သိမ်းပွဲတော်သဘင်ကို ဆင်နွှဲသော ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ ကောက်သစ်စားပွဲတော်ရောက်တိုင်း ဂျိမ်းဖောလူမျိုးများသည် ၎င်းတို့၏ လယ်ယာလုပ်ငန်းခွင် အကြောင်း ပြောဆိုကြပြီး ရယ်ရယ်မောမော ကခုန်ကြသည်။ တစ်ချိန်တည်း၌ ဘေးကင်းရန်၊ ရာသီဥတုကောင်းမွန်ရန်နှင့် လာမည့်နှစ်တွင် အသီးအနှံများပေါများစေရန်အတွက် ဆုတောင်းကြပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin