Special Yunnan Lifestyle | တရုတ်-မြန်မာ နယ်စပ်ဒေသရှိ လျန်ဟယ် နန်းတီးဟယ်အမျိုးသားရေတိမ်ဒေသဥယျာဥ်တွင် ချစ်စရာ ကောင်းသော ငှက်တစ်အုပ် ရောက်ရှိလာ

2023-11-29 17:13:45
အရင်းအမြစ်:梁河县融媒体中心

ယခုရက်ပိုင်းတွင် လျန်ဟယ် နန်းတီးဟယ်အမျိုးသားရေတိမ်ဒေသဥယျာဥ်စီမံခန့်ခွဲရေးရုံးမှ ဝန်ထမ်းများသည် ၎င်းဥယျာဉ်တွင် ပျော်ပျော်ပါးပါး ရေဆော့ကစားနေသည့် ချစ်စရာကောင်းသော တိရစ္ဆာန်လေးဆယ်ကောင်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤချစ်စရာကောင်းသော တိရစ္ဆာန်လေးများသည် တရုတ်နိုင်ငံ အမျိုးသားဒုတိယအဆင့် ကာကွယ်ထားသော တိရစ္ဆာန်များဖြစ်သော ခေါင်းဖြူကြက်တူရွေး(Slaty-headed Parakeet)များဖြစ်ပါသည်။

“နန်းတီးဟယ်အမျိုးသားရေတိမ်ဒေသဥယျာဥ်မှာ ခေါင်းဖြူကြက်တူရွေးတွေကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အနီးအနားက ပြည်သူပြည်သားတွေကို စုံစမ်းမေးမြန်းတဲ့အခါ ယင်းခေါင်းဖြူကြက်တူရွေးအုပ်စုရဲ့ အရေအတွက် များပြားကြောင်း သိရှိရပါတယ်။ တစ်ခါတရံမှာ ရာနှင့်ချီတဲ့ ကြက်တူရွေးတွေ အတူတကွ လှုပ်ရှားနေကြတာကို တွေ့နိုင်ပါတယ်”ဟု အဆိုပါဥယျာဥ်စီမံခန့်ခွဲရေးရုံးမှ ဌာနမှူးခန်း ချမ်းလျန့်သည် ပြောပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ လျန်ဟယ်ခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

Special Yunnan Lifestyle | တရုတ်-မြန်မာ နယ်စပ်ဒေသရှိ လျန်ဟယ် နန်းတီးဟယ်အမျိုးသားရေတိမ်ဒေသဥယျာဥ်တွင် ချစ်စရာ ကောင်းသော ငှက်တစ်အုပ် ရောက်ရှိလာ