တရုတ်-မြန်မာနယ်စပ် ယုံတယ်ခရိုင်မှာ ဝက်သားချဉ်ကို မြည်စမ်းသုံးဆောင်ကြစို့

2023-12-01 18:45:57
အရင်းအမြစ်:永德县融媒体中心

ဝက်သားချဉ်သည် တရုတ်-မြန်မာနယ်စပ် လင်ချန်းမြို့ ယုံတယ်ခရိုင်၏ ရိုးရာဂန္ထဝင် အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးသူများ၏ ကြိုက်နှစ်သက်မှု များစွာ ရရှိပါသည်။ ဝက်သားကို ရေဆေးကာ ပြုတ်လိုက်ပြီး ဆား၊ ငရုတ်ကောင်း၊ ကြယ်ပွင့်စမုန်စပါးစေ့၊ ပြောင်းဖူးမုန့်၊ ငရုတ်သီးမုန့်၊ မုန်လာဥနီနှင့် အခြားသော ဟင်းခတ်အမွှေးအကြိုင်များကို ဇလုံတစ်လုံးထဲတွင်ထည့်ကာ အညီအမျှမွှေလိုက်ပါသည်။ ထို့နောက် မြေအိုးထဲတွင်ထည့်ကာ ၂ လခန့် နှပ်ထားလိုက်ပါသည်။

ဝက်သားချဉ်ကို မြည်းစမ်းကြည့်တိုင်း ယုံတယ်ခရိုင်၏ ထူးခြားသောယဉ်ကျေးမှုကို တွေ့ကြုံခံစားရမည် ဖြစ်ပါသည်။ ၎င်းသည် ရိုးရာအစားအစာ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်းဖြစ်ပြီး အမွေအနှစ်ကိုလည်း ဆက်ခံမည်ဖြစ်သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယုံတယ်ခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်-မြန်မာနယ်စပ် ယုံတယ်ခရိုင်မှာ ဝက်သားချဉ်ကို မြည်စမ်းသုံးဆောင်ကြစို့